ကမ္ဘာပေါ်မှာ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းများ စံချိန်တင်အဆင့်အထိ ကြီးထွားလာနေ
ရောင်နီ (NSS) - မတ် ၂၂
ကမ္ဘာတစ်ဝန်းမှာ ဆဲလ်ဖုန်းအဟောင်းများမှစ ရေခဲသေတ္တာအဟောင်းများ၊ စွန့်ပစ်ထားတဲ့ အီး-စီးကရက်များအထိ ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ စံချိန်တင် မြင့်မားလာပြီး ပြန်လည်အသုံးပြုတဲ့ နှုန်းထက် ငါးဆပိုမို ကြီးထွားလာနေတယ်လို့ ဆန်းစစ်ချက်အသစ်အရ သိရပါတယ်။
၎င်းဟာ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာပြဿနာများစွာကို ဖိတ်ခေါ်နေပါတယ်။ ကုလသမဂ္ဂ Global E-waste Monitor ရဲ့ ဖော်ပြချက်မှာ ၂၀၂၂ ခုနှစ် စစ်ဆေးချက်အရ ကမ္ဘာပေါ်မှာ အီလက်ထရွန်နစ်အမှိုက် မက်ထရစ်တန်ချိန် (၆၂) သန်း ရှိနေတယ်လို့ သိရပါတယ်။
အဆိုပါ အမှိုက်ပမာဏဟာ ၄၀ မက်ထရစ်တန်ထရပ်ကား အစင်း ၁.၅ သန်းစာရှိပြီး တစ်ခုချင်းစီ ချည်နှောင်လိုက် မယ်ဆိုရင် အီကွေတာပတ်ပတ်လည်ပတ်ဖို့ လုံလောက်တဲ့ရှည်လျားတဲ့မျဉ်းကြောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ E-waste တွေဟာ ရိုးရိုးအမှိုက်ထက် ပြဒါးနဲ့ ခဲလို အဆိပ်သင့်နိုင်တဲ့ အန္တရာယ်ရှိအရာတွေ ပါရှိတတ်တာ ကြောင့် ပတ်ဝန်းကျင်အတွက် ပိုအန္တရာယ်များပါတယ်။
ကမ္ဘာကြီးဟာအီလက်ထရွန်းနစ်ပစ္စည်းတွေကို ယခင်ကထက် ပိုမိုအားကိုးလာတာနဲ့အမျှ အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းစီးကြောင်းဟာ ပိုပြီး ကြီးထွားလာနေတာဖြစ်ပါတယ်။
အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ e-waste ဟာ ၂၀၁၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈၂ ရာခိုင်နှုန်းထိ တိုးလာ နေပြီး ၂၀၃၀ ပြည့်နှစ်မှာ ၈၂ သန်း မက်ထရစ်တန်ချိန်ထိ ရောက်ရှိလာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါ တယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတို့ မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ထုတ်သုံးတော့မှာလား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ