ယူကရိန်းကို ကူညီပေးမယ့် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံနဲ့ပတ်သက်ပြီးအတိအကျပြောလို့ မရနိုင်သေးကြောင်း အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၂၁
အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကို ဘယ်အချိန်ပေးမလဲဆိုတဲ့အချက်ကို အပြီးသတ်ခန့်မှန်းနိုင်ခြင်းမျိုး မရှိသေးကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဂျိတ်ဆူလီဗန်က "ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကူညီပေးဖို့ စီစဉ်ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျပြောလို့မရသေးဘူး၊ အတိအကျလည်းကြိုတင်ခန့်မှန်းလို့မရသေးဘူး၊ ဖြစ်နိုင်မယ်ဆိုရင်တော့ အမြန်ဆုံးတော့ ကူညီပေးချင်ပါတယ်"လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကျော်ကူညီထောက်ပံ့ပေးဖို့ စီစဉ်ထားပေမယ့်အောက်လွှတ်တော်က ကန့်ကွက်မှုတွေကြောင့် ယူကရိန်းကို စစ်ရေးအကူညီပေးမယ့် အစီအစဉ်တွေက နှောင့်နှေးနေကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားစစ်ပွဲစတင်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်ဘီလျံနဲ့ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းသမ္မတက အမေရိကန်ရဲ့ကူညီထောက်ပံ့ပေးမှုနှောင့်နေးခြင်းကြောင့် ယူကရိန်းပိုင်နက် နဲ့ ပြည်သူတွေရဲ့ရှင်သန်နေထိုင်မှုတွေဆုံးရှုံးလာခဲ့ကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတက အမေရိကန်ရဲ့အကူအညီတွေသာ မရတော့ဘူးဆိုရင် ယူကရိန်းဟာ ရုရှားကို စစ်ရှုံးမှာဖြစ်ကြောင်း ပြောပါတယ်။ ရုရှားနဲ့ ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားဟာ ယူကရိန်းပိုင်နက်နယ်မြေ ၄ခုကို သိမ်းပိုက်ထားပြီး ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်နေဆဲဖြစ် ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့်ဖုန်းများကို လုယက်ယူဆောင်မှု ရေနံချောင်းမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ