အမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့်ဖုန်းများကို လုယက်ယူဆောင်မှု ရေနံချောင်းမြို့နယ်၌ ဖြစ်ပွား
NSS - မတ် ၂၁
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် အမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့်ဖုန်းများကို လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၀ ရက်)၊ ည ၉နာရီ ၁၅မိနစ်အချိန်ခန့်တွင် ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ၊ ဖောင်းခွဲချောင်းထိပ်နှင့် ကိုက်(၂၀၀)ခန့်အကွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုတ်ရှစ်ကုန်းကျေးရွာတွင်နေထိုင်သည့် အသက်(၄၉)နှစ်အရွယ် ဦးတင်ဝင်းနှင့် အသက်(၅၀)နှစ်အရွယ် ဦးစန်းနိုင်တို့(၂)ဦးသည် ရေနံချောင်းမြို့မှ အုတ်ရှစ်ကုန်းကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးတင်ဝင်းတွင် ညာဘက်ဂျိုစောင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဦးစန်းနိုင်တွင်လည်း ညာဘက်နားထင်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းတို့အနီးမှ .45 AUTO USA စတီးရောင်ကျည်ခွံ(၂)ခုတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့(၂)ဦးမောင်းနှင်လာသည့် YINXIANG 110 ဆိုင်ကယ်တစ်စီးနှင့်အတူ ဖုန်း(၂)လုံးသည်လည်း လုယက်ယူဆောင်ခံခဲ့ရကြောင်း သိရသည်။ ထို့ ကြောင့် သေဆုံးသူအမျိုးသား(၂)ဦး၏ ရုပ်အလောင်းကို ရေနံချောင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယား၏ နိုင်ငံခြားငွေရရှိမှုထက်ဝက်ခန့်သည် ဆိုက်ဘာတိုက်ခိုက်မှုများမှ ရရှိနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း