ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မတ်လတတိယ (၁၀)ရက်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်
ယွန်း (NSS) - မတ် ၂၁
ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ မတ်လတတိယ (၁၀)ရက်ပတ်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့(မတ်လ ၂၁ ရက်) တွင် ထုတ်ပြန်သည့် မတ်လတတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ကရင်နှင့် မွန်တို့တွင် (၃)ရက်မှ (၅)ရက်ခန့် နှင့် မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ရခိုင် နှင့် ကယားတို့တွင် (၁)ရက်မှ (၂)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ချင်းနှင့် ရှမ်းတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ကြောင်း သိရသည်။ ထို့ပြင် လာမည့်ရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြီးခဲ့သည့် မတ်လ(၁၇)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ တိုင်းထွာချက်များအရ မတ်လ(၂၀)ရက်မှ (၂၄)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂ၏ လုပ်ရပ်များက နိုင်ငံတကာဥပဒေကို ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်ပြစ်တင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ