Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ခြံအမှတ်(၅၄)၏ ပထမဆုံးအကြိမ် လေလံပွဲက လေလံဆွဲသူမရှိဘဲ ပြီးဆုံးသွားနိုင်ခြေများနေ

Iirs (NSS) - မတ် ၁၉ 

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ဖူးသော တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ ခြံအမှတ်(၅၄)ကို မတ်လ (၂၀)ရက်တွင် ပထမဆုံးအကြိမ် လေလံတင် ရောင်းချမည်ဖြစ်သော်လည်း လေလံပွဲ အောင်မြင်နိုင်ခြေ လုံးဝနီးပါးနည်းပါးနေကြောင်း နီးစပ်သူသတင်းရင်းမြစ်များထံမှ သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကန့်ကွက်ထားခြင်းမရှိသော ငွေကျပ်သိန်းပေါင်းသုံးသန်း တစ်သိန်းငါးသောင်းတိတိ (၃၁၅,ဝဝဝ,ဝဝဝ,ဝဝဝ) သို့မဟုတ် အမေရိကန်ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးသတ်မှတ်ထားသည့် ခြံအမှတ်(၅၄)၏ လေလံတင်ပွဲကို မတ်လ(၂၀)ရက်တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန် နဝါရီလအတွင်း အတည်ပြုခဲ့ပြီးနောက် ဖေဖော်ဝါရီ (၈)ရက်တွင် ရုံးတွင်း အမိန့်òန်ကြားစာများထွက်ရှိ ထားပြီးဖြစ်ကြောင်း သိရသည်။ 

'လေလံပွဲက အိမ်ရှိတဲ့နေရာ ခြံအမှတ်(၅၄)မှာပဲ ကျင်းပရမှာ။ လုံခြုံ ရေးကိုတော့ သက်ဆိုင်ရာအစိုးရဘက်က တာဝန်ယူစီစဉ်ပေးမယ်လို့ အကြမ်းဖျင်း သိထားတယ်။ လေလံပွဲအတွက် လိုအပ်ရင် လုံခြုံရေး အစောင့်အရှောက်အပြင် လမ်းတစ်ခြမ်း ယာယီပိတ်တာတွေ ဘာတွေဖြစ်လာနိုင်ပါတယ်' ဟု အိမ်လေလံ ကိစ္စနှင့်နီးစပ်သောသတင်းရင်းမြစ်က NSS ကို ပြောသည်။ ပုံမှန်အခြေအနေ သာမန်အိမ် တစ်လုံးဖြစ်နေပါက ယင်းကဲ့သို့ လုံခြုံရေးအစောင့် အရှောက်များ လိုအပ်မည်မဟုတ်သော် လည်း ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့ဖူးသော မိခင်ဖြစ်သူဒေါ်ခင်ကြည် အမည်ပေါက် အိမ်နှင့်ခြံဖြစ်နေသည့်အတွက် ဆန့်ကျင်ဘက် အတိုက်အခံအင်အားစုများစောင့်ကြည့်ခြိမ်းခြောက်ခြင်းများခံနေရခြင်းကြောင့်လည်းဖြစ်သည်။ 

'ပထမတစ်ကြိမ် လေလံပွဲကိုတော့ တော်ရုံလူ ကလာပြီး ဆွဲရဲမယ့်ပုံမပေါ်ဘူး။ ပြောရရင်တော့ ပထမတစ်ကြိမ်မှာ လေလံဆွဲမယ့်သူ မရှိတာမျိုးဖြစ်သွားပြီး နောက်ထပ်နောက်ထပ်အကြိမ်တွေ လုပ်သွားရမယ့် သဘောရှိတယ်'ဟု တရားရုံးနှင့် နီးစပ်သော သတင်းရင်းမြစ်ကလည်း NSS ကို ပြောသည်။ အထူးသဖြင့် ဒေါ်လာသန်း(၉၀)ခန့် တန်ကြေးဆိုသော ဈေးနှုန်းအရလည်းကောင်း၊ လေလံဆွဲမည့်သူ၏ လုံခြုံရေးအရလည်းကောင်း မတ်လ (၂၀)ရက် လေလံပွဲက နောက်တစ်ကြိမ် ထပ်မံကျင်းပ ရန်သာ ပြင်ဆင်ထားရတော့မည့် အနေအထားမျိုးဟု ဆိုသည်။ ပြည်ပြေး NUG ဘက်တော်သား လူတစ်စုကမူ ခြံအမှတ်(၅၄)ကို ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သည့် အိမ်တစ်ခုသဖွယ် ဥပဒေအထောက်အထားမဲ့စွာ သတ်မှတ်လိုက်ကြပြီး အဆိုပါအိမ်ကို လေလံဆွဲ ဝယ်ယူမည့်သူကို သတ်ဖြတ်သွားမည့်သဘောမျိုးအထိ ခြိမ်းခြောက်ထားကြခြင်းလည်း ဖြစ်သည်။ 

ခြံအမှတ်(၅၄)သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် ၃၆ ၊ ဧရိယာ (၁ ဒသမ ၉၂၃ ဧကပေါ်တွင်) ရှိထားပြီး ပိုင် ဆိုင်သူ အမည်ပေါက်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်ဖြစ်သည်။ အမွေပိုင်ဆိုင်ခွင့် သတ်မှတ်ချက်နှင့် ဥပဒေအချို့အရ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကိုယ်တိုင် က တစ်စုံတစ်ဦးကို အမွေစားအမွေခံအဖြစ် သတ် မှတ်ပေးခဲ့ခြင်းမရှိလျှင် သားသမီးဖြစ်သူနှစ်ဦး (ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်) က ခွဲဝေခံစားခွင့်ရှိသည်ဟု ဆိုသည်။ ယင်းအတွက် ကြောင့်လည်း တရားရုံးအသိပေးစာကို ဒေါ်အောင် ဆန်းစုကြည်က လက်ခံရရှိခဲ့သည့်တိုင် နှစ်လကျော် ကြာသော ရုံးချိန်းများအတွင်း ဒေါ်အောင်ဆန်းစု ကြည်က ရှေ့နေများမှတစ်ဆင့် ကန့်ကွက်လျှောက်ထား ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။ 'လေလံက တစ်ကြိမ်နဲ့ မပြီးရင်တော့ မအောင်မချင်း ရက်သတ်မှတ်ပြီး လုပ်နေရမယ့်သဘောပါပဲ။ ဖျက်သိမ်းပစ်လိုက်တာမျိုးကျတော့ တရားရုံးက ပြန်ရုပ် သိမ်းကြောင်း ကြေညာမှပဲရမယ်။ မဖြစ်တော့ မဖြစ် နိုင်ပါဘူး'ဟု တရားရုံးသတင်းရင်းမြစ်က သုံးသပ်ပြောကြားသည်။ လက်ရှိအချိန်တွင် ခြံအမှတ်(၅၄)အတွင်းရှိ ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော ကုန်တင်ကားအစီး(၂၀)စာ ပစ္စည်းမျိုးစုံကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများပင်လျှင် လာရောက်သယ်ယူပြောင်းရွှေ့ပေးခြင်းမျိုးမရှိဘဲ မည်သည့်နေရာတွင် ထားရမည်မှန်းမသိ ဖြစ်နေကြောင်း ကြားသိရသည်။                        

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သာကေတမြို့နယ်မှ ဆီဘောက်ဆာကားမီးလောင်မှုဖြစ်စဉ်တွင် ကားတစ်စီးလုံးအပြင် အနီးအနားရှိ လူနေလိုင်းခန်း(၂)လုံးပါ မီးလောင်ဆုံးရှုံး

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved