သာကေတမြို့နယ်မှ ဆီဘောက်ဆာကားမီးလောင်မှုဖြစ်စဉ်တွင် ကားတစ်စီးလုံးအပြင် အနီးအနားရှိ လူနေလိုင်းခန်း(၂)လုံးပါ မီးလောင်ဆုံးရှုံး
သန့်ဇင် (NSS) - မတ် ၁၉
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ ဆီဘောက်ဆာကား မီးလောင်မှုဖြစ်စဉ်တွင် ကားတစ်စီးလုံးအပြင် အနီးနားရှိလူနေလိုင်းခန်း(၂)လုံးပါ မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့(မတ်လ ၁၈ ရက်)၊ ည ၆ နာရီ ၅၇ မိနစ်အချိန်က သာကေတမြို့နယ်၊ ဆယ်တောင်ရပ်ကွက်၊ သာကေတ တံတားအဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိသလောက်ကတော့ ဆီလာချရင်းနဲ့ စလောင်တယ်လို့တော့သိရတယ်။ အဲနားက ဝန်ထမ်းအိမ်ရာရှိတယ်။ အဲဒီက လိုင်းခန်း (၂)ခန်းလောင်သွားတယ်။ လူထိခိုက်မှုတော့မရှိဘူးဆိုပေမယ့် လူ(၃)ယောက်တော့ ပြေးရင်းလွှားရင်းနဲ့ ထိခိုက်မိတာရှိတယ်” ဟု သာကေတမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် ဆီဘောက်ဆာကားတစ်စီးလုံးအပြင် စက်သုံးဆီများနှင့် လူနေလိုင်းခန်း(၂)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“အခုဖြစ်သွားတာကတော့ လုပ်ငန်းခွင်လိုအပ်ချက်ကြောင့်ဖြစ်သွားတာလို့ယူဆရတာပေါ့။ အဲဒါကြောင့် လုပ်ငန်းခွင်အန္တရာယ်မဖြစ်အောင် ဂရုစိုက်ပြီးလုပ်ဆောင်စေချင်ပါတယ်” ဟု ၎င်းက အကြံပြုထားသည်။
ထို့နောက် ၎င်းမီးလောင်မှုဖြစ်စဉ်ကို မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအသင်းများက Level 1အဆင့်ဖြင့် မိနစ်(၄၀)ခန့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁ဝ ရက်တွင်လည်း အမရပူရမြို့နယ်တွင် ဆီဘောက်ဆာကား(၂)စီးဘေးချင်းကပ် ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး မီးလောင်သေဆုံးသွားခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေနှင့် ကျော်လွန်ဆန့်ကျင်ဆောင်ရွက်နေမှုများကို တားမြစ်အရေးယူပေးရန် ပြည်သူ့ပါတီအကြံပြု တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း