ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေနှင့် ကျော်လွန်ဆန့်ကျင်ဆောင်ရွက်နေမှုများကို တားမြစ်အရေးယူပေးရန် ပြည်သူ့ပါတီအကြံပြု တောင်းဆို
သုတကျော် (NSS) - မတ် ၁၉
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေနှင့် ကျော်လွန်ဆန့်ကျင်ဆောင်ရွက်နေမှုများကို တားမြစ်အရေးယူပေးရန် ပြည်သူ့ပါတီက မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ကာ အကြံပြု တောင်းဆိုခဲ့သည်။
ယနေ့အချိန်သည် မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်ကပ်ရောဂါကာလမှစတင်၍ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကြပ်အတည်းမျိူးစုံနှင့် ကာလကြာရှည် ခံစားနေရသည့်အချိန်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ၊ အဂတိလိုက်စားမှုသတင်းများ၊ ထွက်ပြေးတိမ်းရှောင်ကြသည့်သတင်းများ ကျယ်ပြန့်စွာဖြစ်ပေါ်လျက်ရှိကြောင်း နေ့စဉ်နှင့်အမျှ တိုင်တန်း ကြားသိ နေရကာ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း ပုဂ္ဂလိကအလုပ်ရုံ စက်ရုံဝန်ထမ်းများအနေဖြင့် ယာယီကင်းလွတ် ခွင့်တွင် နိုင်ငံတော်ဌာနဆိုင်ရာဝန်ထမ်းများသာ အကျုံးဝင်သည်ဟု နားလည်ပြီး ထွက်ပြေးတိမ်းရှောင်နေမှုများ ကြောင့် လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအခန်း(၃) ပုဒ်မ ၇(က) တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် “တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဖွဲ့၊ ခရိုင်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို လိုအပ်သလို ဖွဲ့စည်း နိုင်သည်” ဟု ပြဋ္ဌာန်းထားသောကြောင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအဆင့်တွင် ဖွဲ့စည်းထားခြင်းမရှိကြောင်း၊ ယင်းဥပဒေပုဒ်မ ၇ ( ခ )တွင် “ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် စစ်မှုထမ်းရ မည့်အသက်အရွယ်ရောက်သူများ၏ စာရင်းကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့သို့ သတ်မှတ်ချက်များ နှင့်အညီ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်အရောက် ပြုစုပေးပို့ရမည်” ဟူ၍သာ ပြဋ္ဌာန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူရင်းပြဋ္ဌာန်းဥပဒေအရ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့သည် စာရင်းပြုစုပေးပို့ရန်သာဖြစ် ပြီး ရွေးချယ်အတည်ပြုခွင့်၊ (မဲနှိုက်ခြင်း) အပါအဝင် စာရင်းမှ ပယ်ဖျက်ခွင့်မရှိကြောင်း တွေ့ရှိကြောင်း နှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေ ကျင့်သုံးခြင်းနှင့်ပတ်သက်ပြီး ပြည်သူအများ စိုးရိမ်ပူပန်မှု လျော့ပါးစေရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံနှင့်အဝှမ်း တပြေးညီကျင့်သုံးမည့် နည်းဥပဒေ ညွှန်ကြားချက်များကို အများ ပြည်သူအလွယ်တကူသိရှိနိုင်ရန် တိကျသေချာစွာ ထုတ်ပြန်ပေးရန်နှင့် ဥပဒေနှင့် ကျော်လွန်ဆန့်ကျင်ဆောင်ရွက် နေမှုများအား တားမြစ်အရေးယူပေးရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းရန် အရည်အချင်းပြည့်မီမှု ရှိ-မရှိ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်း ယခုလကုန်ပိုင်း စတင်မည်ဟု သိရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ