အေဒင်ပင်လယ်ကွေ့တွင် ယီမင်ငါးဖမ်းသင်္ဘောတစ်စီး ပြန်ပေးဆွဲခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးကုမ္ပဏီပြော
Pika (NSS) - မတ် ၁၈
အေဒင်ပင်လယ်ကွေ့တွင် ယီမင်ငါးဖမ်းသင်္ဘောတစ်စီး ပြန်ပေးဆွဲခံခဲ့ရဆိုသည့် အစီရင်ခံစာများကို လက်ခံရရှိခဲ့ကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey က မတ်လ(၁၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Ambrey ကုမ္ပဏီက “အဲဒီငါးဖမ်းသင်္ဘောပေါ်က အမှုထမ်းတွေဟာာ ဆိုမာလီယာနိုင်ငံ Bosaso မြို့မှာ ဆိုက်ကပ်ခဲ့ တာပါ။ သင်္ဘောအမှုထမ်းတွေထဲကတစ်ဦးဟာ သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ပါဝင်ပတ်သက်နေသည့် အဖွဲ့နှစ်ဖွဲ့ကြား ခိုက်ရန်ဖြစ်ပွားမှုများနှင့် ဆက်နွယ်နေပုံပေါ်ကြောင်း Ambrey ကုမ္ပဏီက ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ဆိုမာလီပင်လယ်ဓါးပြများ နှင့် ဆက်နွယ်နေခြင်းမျိုး မရှိကြောင်းလည်း ၎င်းတို့က ထပ်မံပြောခဲ့သည်။ ထို့အပြင် အဆိုပါဖြစ်ရပ်သည် ယီမင်ငါးဖမ်းသမားနှင့် Bosaso မြို့ အနောက်ပိုင်းရှိ ဒေသခံလက်နက်ကိုင်အဖွဲ့ကြား အငြင်းပွားမှုနှင့် ဆက်နွယ်နေပုံပေါ်ကြောင်း Ambrey ကုမ္ပဏီက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
Ambrey ကုမ္ပဏီက “အဲဒီဖြစ်ရပ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ယီမင်ငါးဖမ်းသင်္ဘောအမှုထမ်းဟာ Bosaso မြို့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ယီမင်နိုင်ငံသား(၂၁)ဦး လိုက်ပါသွားတဲ့ အဲဒီငါးဖမ်းသင်္ဘောဟာ မတ်လ(၁၈)ရက် မှာ ယီမင်ကို ပြန်လည်ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ(၁၉)ရက်မှစတင်ပြီး ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ဒုံးကျည်များဖြင့် စတင်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လ်ဒိုဗာနိုင်ငံရှိ ရုရှားသံရုံးကို မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသား ဖမ်းဆီးခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ