မော်လ်ဒိုဗာနိုင်ငံရှိ ရုရှားသံရုံးကို မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့သည့် အမျိုးသား ဖမ်းဆီးခံရ
Pika (NSS) - မတ် ၁၈
မော်လ်ဒိုဗာနိုင်ငံ Chisinau မြို့ရှိ ရုရှားသံရုံးကို မီးပုလင်း(၂)လုံးဖြင့် ပစ်ပေါက်ခဲ့သော အမျိုးသားတစ်ဦးကို မော်လ်ဒိုဗာရဲတပ်ဖွဲ့က မတ်လ(၁၇)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရုရှားသံရုံးသည် မီးပုလင်းများဖြင့် ပစ်ပေါက်ခံခဲ့ရသည်ဆိုသည့် သတင်းများကို မော်လ်ဒိုဗာရှိ မီဒီယာများက ရေးသားဖော်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း လည်း မီဒီယာများက ရေးသားဖော်ပြထားသည်။
ရဲတပ်ဖွဲ့က “အမျိုးသားတစ်ဦးဟာ Chisinau မြို့မှာရှိတဲ့ ရုရှားသံရုံးကို မီးပုလင်းနှစ်လုံးနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အသက်(၅၄)နှစ်အရွယ် မော်လ်ဒိုဗာနိုင်ငံသားကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့အတွက် ချက်ချင်းဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ရုရှားအာဏာပိုင်တွေရဲ့လုပ်ရပ်အပေါ်မကျေနပ်တာကြောင့် ဒီလိုမျိုးလုပ်ဆောင်ခဲ့တာလို့ အဲ့ဒီအမျိုးသားကပြောဆိုထားပါတယ်” ဟု ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း မော်လ်ဒိုဗာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားနေသော်လည်း ရုရှား၏ သမ္မတရွေးကောက်ပွဲကို မတ်(၁၅)ရက် မှ (၁၇)ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သမ္မတရွေးကောက်ပွဲတွင် ရုရှားသမ္မတပူတင်သည် ၎င်း၏ ပြိုင်ဖက်များကို အပြတ်အသတ်အနိုင်ရရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စည်ပင်မှ လိုင်စင်ရယူထားသည့် တည်းခိုခန်းများအားလုံးတွင် ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ်(GLMS) ကို အသုံးပြုမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း