ရုရှားသမ္မတရွေးကောက်ပွဲမှာ သမ္မတပူတင်က ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရခဲ့
ဂျန်ဇက် (NSS) - မတ် ၁၈
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၇၁ နှစ်အရွယ်ရှိ ပူတင်ဟာ၎င်းရဲ့သမ္မတသက်တမ်းကို ကုန်ဆုံးချိန်အထိ တာဝန်ယူမယ်ဆိုရင် ရုရှားနိုင်ငံ သမိုင်းမှာ နှစ်ပေါင်း ၂ဝဝ ကျော်အတွင်း သက်တမ်းအကြာဆုံးတာဝန်ယူတဲ့ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်လာဖွယ် ရှိနေပါတယ်။ ပူတင်ဟာ ၎င်းရဲ့သမ္မတသက်တမ်းကို ၆ နှစ်ကြာ ဆက်လက်တာဝန်ယူမယ်ဆိုရင် ခေါင်းဆောင် ဟောင်းတစ်ဦးဖြစ်တဲ့ စတာလင်ရဲ့ သက်တမ်းအကြာဆုံးစံချိန်ကို ချိုးဖျက်နိုင်မှာဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်မှာ ရုရှားနိုင်ငံ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ပူတင်ဟာ သမ္မတရွေးကောက်ပွဲမှာ ထောက်ခံမဲ ၈၇ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသမိုင်းမှာ ထောက်ခံမဲရလဒ်အများဆုံးရရှိတဲ့ နိုင်ငံ ခေါင်းဆောင်ဖြစ်လာခဲ့တယ်လို့ Public Opinion Foundation (FOM) အဖွဲ့က ပြောပါတယ်။
အမေရိကန်၊ ဂျာမနီ၊ ဗြိတိန် နိုင်ငံတို့က ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲက လွတ်လပ်မျှတမှုမရှိ ကြောင်း၊ အတိုက်ခံတွေကို ဖမ်းဆီးထောက်ခံပြီး ဆင်ဆာကင်းလွတ်ခွင့်တွေကို တားမြစ်ပိတ်ပင်ထားတဲ့အတွက် လွတ်လပ်မျှတမှုမရှိကြောင်း ဝေဖန်နေပါတယ်။ ရုရှားသမ္မတရွေးကောက်ပွဲကို သုံးရက်ကြာ ကျင်းပခဲ့ပြီးနောက် မဲရလဒ်များ ထုတ်ပြန်ခဲ့ရာ ပူတင်က ထောက်ခံမဲအများဆုံးရရှိခဲ့ပြီး ကွန်မြူနစ်ပါတီကိုယ်စားလှယ်လောင်း ခါရီတိုနောဗ့်က ထောက်ခံမဲ လေးရာခိုင်နှုန်း၊ ဒါဗန်ကောဗ့်ဆိုသူ နဲ့ Leonid Slutsky ဆိုသူတို့က ထောက်ခံမဲ အနည်းငယ်သာရရှိခဲ့ကြောင်း သိရပါတယ်။
ရုရှားနိုင်ငံဟာ လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံ နဲ့ စစ်ဖြစ်ပွားနေပြီး အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံ တွေရဲ့ပိတ်ဆို့မှုအမျိုးမျိုးကို ရင်ဆိုင်နေရပါတယ်။
မတ်လ ၁၅ ရက်မှာ စတင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ရုရှားနိုင်ငံမှာ သမ္မတသက်တမ်းကို ၆ နှစ်အထိ သက်တမ်းတိုးခဲ့ပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အေဒင်ပင်လယ်ကွေ့တွင် ယီမင်ငါးဖမ်းသင်္ဘောတစ်စီး ပြန်ပေးဆွဲခံခဲ့ရကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးကုမ္ပဏီပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ