လာမယ့်ရွေးကောက်ပွဲမှာ ၎င်း ထပ်မံရှုံးနိမ့်ခဲ့ပါက အမေရိကန်နိုင်ငံရဲ့ဒီမိုကရေစီအဆုံးသတ်သွားတော့မှာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်ပြော
ဂျန်ဇက် (NSS) - မတ် ၁၇
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ၎င်းသာ ရှုံးနိမ့်ခဲ့ပါက အမေရိကန်ဒီမိုကရေစီ အဆုံးသတ်သွားတော့မှာဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် လာမယ့် နိုဝင်ဘာလ အတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က "နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ကျွန်တော်တို့ အနိုင်မရဘူးဆိုရင် နိုင်ငံရဲ့ဒီမိုကရေစီစနစ် အဆုံးသတ်သွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်လာခဲ့ပြီးနောက်ပိုင်းတည်းက မျှော်လင့်မထားတဲ့ စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရပြီး တရားစွဲဆိုမှုအမျိုးမျိုးကို တွေ့ကြုံခဲ့ရကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒန် နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာအသက် ၈ဝ ကျော်အရွယ်ရှိနေတဲ့အတွက် ၎င်းရဲ့အသက်အရွယ်က မေးခွန်းထုတ်စရာဖြစ်နေပြီး လူကြိုက်နည်းနေကြောင်း သိရပါတယ်။
ဂျိုးဘိုင်ဒန် နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲတုန်းက အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ဂျိုးဘိုင်ဒန် က အနိုင်ရခဲ့ကာ မဲမသမာမှုတွေရှိခဲ့ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ မတ်လ ၁၆ ရက်က အိုဟိုင်းရိုးပြည်နယ်မှာပြုလုပ်တဲ့ ရီပတ်ဘလီကန်ပါတီ အားပေးထောက်ခံသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ မှာလည်း ၂ဝ၂ဝ ပြည့်နှစ်တုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတဂျိုးဘိုင်ဒန်က မဲလိမ်လည်မှုများ ကျူးလွန်ခဲ့ကြောင်း ထပ်မံစွပ်စွဲပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တားမြစ်ထားသော ရေပိုင်နက်အတွင်းသို့ဝင်ရောက်လာသည့် တရုတ်ကမ်းခြေစောင့်သင်္ဘောများကို ချက်ချင်းပြန်လှည့်ရန် ထိုင်ဝမ်အစိုးရ သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ