တားမြစ်ထားသော ရေပိုင်နက်အတွင်းသို့ဝင်ရောက်လာသည့် တရုတ်ကမ်းခြေစောင့်သင်္ဘောများကို ချက်ချင်းပြန်လှည့်ရန် ထိုင်ဝမ်အစိုးရ သတိပေး
Pika (NSS) - မတ် ၁၇
မတ်လ(၁၆)ရက်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သည် ၎င်း၏ တားမြစ်ကန့်သတ်ထားသော ရေပိုင်နက်အတွင်းသို့ဝင်ရောက်လာသည့် တရုတ်ကမ်းခြေစောင့်သင်္ဘောများကို ချက်ချင်းပြန်လှည့်ရန် သတိပေးခဲ့ကြောင်း သိရသည်။
မတ်လ(၁၆)ရက် နံနက်ပိုင်းတွင် တရုတ်ကမ်းခြေစောင့်သင်္ဘောလေးစင်းသည် ထိုင်ဝမ်ထိန်းချုပ်ထားသော ကင်မန်းကျွန်းအနီးရှိ တားမြစ်ကန့်သတ်ထားသောရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
သတိပေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် တစ်နာရီကျော်အကြာတွင် တရုတ်ကမ်းခြေစောင့်သင်္ဘောများသည် ရေပိုင်နက်အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည် "ကျွန်တော်တို့ရဲ့ ကန့်သတ်ထားတဲ့ရေပိုင်နက်အတွင်းကို ဝင်ရောက်နေတာပါ။ ချက်ချင်းပြန်လှည့်ပါ" ဟု ထိုင်ဝမ်အရာရှိတစ်ဦး က ပြောဆိုထားသည့်ဗီဒီယိုဖိုင်ကို ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါဗီဒီယိုဖိုင်တွင် ထိုင်ဝမ်ကမ်းခြေစောင့်သင်္ဘောတစ်စီးသည် တရုတ်ကမ်းခြေစောင့်သင်္ဘောနှစ်စီးကို အကွာ အဝေးတစ်ခုမှ ခြေရာခံလိုက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့ က "တရုတ်ကမ်းခြေစောင့်သင်္ဘောတွေရဲ့လုပ်ရပ်ဟာ ရေကြောင်းသွားလာမှုနဲ့ လုံခြုံရေးကို ထိခိုက်စေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားတာကို ရှောင်ရှားဖို့အတွက် ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ဖို့ ကျွန်တော်တို့ သူတို့ကို တိုက်တွန်းခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က လက်ရှိအချိန်အထိ မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လိုအပ်ချက်အပေါ်မူတည်၍ CNG အရောင်းဆိုင်များ အချိန်တိုးမြှင့်ရောင်းချပေးမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ