အမေရိကန်နှင့် စစ်ရေးသဘောတူညီချက်များကို ရုတ်သိမ်းလိုက်ကြောင်း နိုင်ဂျာစစ်အစိုးရ ကြေညာ
Pika (NSS) - မတ် ၁၇
အမေရိကန် နှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များကို ရုတ်သိမ်းလိုက်ကြောင်း နိုင်ဂျာစစ်အစိုးရက မတ်လ(၁၆)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်အကြီးတန်းကိုယ်စားလှယ်အဖွဲ့သည် နိုင်ဂျာစစ်အစိုးရ နှင့် အဆက်အသွယ်ကို သက်တမ်းတိုးရန်အတွက် သုံးရက်ကြာသွားရောက်လည်ပတ်မှုခရီးစဉ်အပြီးတွင် နိုင်ဂျာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ဂျာရှိ အမေရိကန်စစ်တပ်၊အမေရိကန်ကာကွယ်ရေးဌာန၏ အရပ်ဘက်ဝန်ထမ်းများနှင့် စပ်လျဉ်းသည့် သဘောတူညီချက်ကို ရုတ်သိမ်းရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ကြေညာချက်ထဲတွင် ရေးသားဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်ကို မတ်လ(၁၆)ရက် ညနေပိုင်းတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းမှ ကြေညာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ လက်ရှိအချိန်အထိ နိုင်ဂျာနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်(၁၀၀၀)ခန့် တပ်စွဲထားဆဲဖြစ် ကြောင်း သိရသည်။ ၂ဝ၂၃ ခုနှစ် ဇူလိုင်လတွင် နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သည် နိုင်ဂျာသို့ အကူအညီပေးမှုများကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် အစွန်းရောက်အဖွဲ့များကို ဆန့်ကျင်သည့် အနောက် အုပ်စုနိုင်ငံများ၏ လုံခြုံရေးကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်တစ်နှစ်ခန့်တွင် နိုင်ဂျာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ဖူးကြောင်း သိရသည်။ အန်တိုနီဘလင်ကန်သွားရောက်လည်ပတ်ပြီးနောက် လေးလ အကြာတွင် နိုင်ဂျာစစ်တပ်သည် သမ္မတမိုဟာမက်ဘာဇွန်ကိုဖြုတ်ချကာ နေအိမ်အကျယ်ချုပ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့ကြောင်း သိရသည်။
ယခင်က နိုင်ဂျာစစ်တပ်သည် အမေရိကန်နှင့် နီးနီးကပ်ကပ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် မီးပျက်၍ မီးစက်နှိုးရာမှ မီးခိုးမွန်ကာ အမျိုးသမီး(၇)ဦး သတိလစ် မေ့မျော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ