စမ်းချောင်းမြို့နယ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် မီးပျက်၍ မီးစက်နှိုးရာမှ မီးခိုးမွန်ကာ အမျိုးသမီး(၇)ဦး သတိလစ် မေ့မျော
သန့်ဇင် (NSS) - မတ် ၁၇
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် မီးပျက်၍ မီးစက်နှိုးရာမှ မီးခိုးမွန်ကာ အမျိုးသမီး(၇)ဦး သတိလစ်မေ့မျောသွားခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၆ ရက်)၊ ည ၇ နာရီအချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ အလှပြင်ဆိုင်တစ်ခု၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးစက်က ဆိုင်ရဲ့အနောက်ဘက်မှာ နှိုးထားတာ။ အဲဒီမီးစက်ကနေမီခိုးမွှန်ပြီးဖြစ်တာ။ မီးစက်က မီးခိုးတွေက ပြတင်းပေါက်ကနေဝင်ပြီး ဆိုင်ကအလုံပိတ်လည်းဖြစ်တယ် Ariconလည်းဖွင့်ထားတော့ အသက်ရှူကြပ်ပြီးဖြစ်တဲ့ သဘောပါ။ မီးခိုးပမာဏများတော့ အဲဒီလိုဖြစ်တယ်ဆိုတာ တချို့က မသိကြဘူး။ (၇)ယောက်စလုံး စိုးရိမ်စရာတော့ မရှိပါဘူး” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အလှပြင်ဆိုင်အတွင်းရှိ အသက်(၂၀)နှစ်မှ(၃ဝ)နှစ်ကြားရှိ အမျိုးသမီး(၇)ဦးမှာ အသက်ရှူ ကြပ်ကာ သတိလစ်မေ့မျော သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါအမျိုးသမီး(၇)ဦးကို စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ နှင့် အခြားပရဟိတအသင်းများ ပူးပေါင်း၍ အထွေထွေရောဂါကုဆေးရုံသစ်ကြီး(ဂျပန်ဆေးရုံ) သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခတွင် ရုရှား၏ အောင်မြင်မှုက အမေရိကန်ကို အားနည်းသွားစေလိမ့်မည်ဖြစ်ကြောင်း ရုရှား သံအမတ်ကြီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း