ယူကရိန်းပဋိပက္ခတွင် ရုရှား၏ အောင်မြင်မှုက အမေရိကန်ကို အားနည်းသွားစေလိမ့်မည်ဖြစ်ကြောင်း ရုရှား သံအမတ်ကြီးပြော
Pika (NSS) - မတ် ၁၇
ယူကရိန်းပဋိပက္ခတွင် ရုရှား၏အောင်မြင်မှုသည် အမေရိကန်နိုင်ငံကို တဖြည်းဖြည်းအားနည်းသွားစေလိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလေးအန်တိုနော့ဗ်က ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်နှင့် ဗြိတိန်တို့သည် အစောပိုင်းကာလများတွင် ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမှုများကို ဟန့်တားခဲ့ကြောင်း အန်နာတိုလေးအန်တိုနော့ဗ်က စွပ်စွဲပြောဆိုခဲ့သည်။ အန်နာတိုလေး အန်တိုနော့ဗ် က "အမေရိကန်ဟာ ယူကရိန်းပဋိပက္ခမှာ အပျက်သဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင် ပတ်သက်နေပါတယ်။ အမေရိကန်ဟာ အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီပေးနေတဲ့နိုင်ငံသလို လူသတ်မှုနဲ့ စစ်ပွဲကို အားပေးတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အမေရိကန်ဟာ သူတို့ရဲ့ဂုဏ်သိက္ခာကို ကိုယ်တိုင်ဖျက်ဆီးနေတာပါ။ ကျွန်တော်တို့က ယူကရိန်းရှေ့တန်းစစ်မြေမျက်နှာပြင်ကို ပိုတိုးလာလေ အမေရိကန်က ပိုအားနည်းလာလေဖြစ်နေ ပြီး စည်းမျဉ်းအခြေခံတဲ့ကမ္ဘာ့အစီအစဉ်က တဖြည်းဖြည်းပျက်စီးသွားမှာပါ" ဟု ပြောခဲ့သည်။
အနောက်အုပ်စုအာဏာရှင်များသည် ကမ္ဘာကြီးကို ဆယ်စုနှစ်များစွာကြာ ဩဇာလွှမ်းမိုးနိုင်ရန်အတွက် စည်းမျဉ်း အခြေခံသည့် ကမ္ဘာ့အစီအစဉ်ဆိုသည့်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြောင်း အန်နာတိုလေးအန်တိုနော့ဗ် က ပြောခဲ့သည်။
အဆိုပါစနစ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေပြီး အနောက်အုပ်စုနိုင်ငံများ၏ အလွဲသုံးစားလုပ်မှုကို ခံနေရ ကြောင်း ရုရှားအပါအဝင် ဝေဖန်သူများက ပြောခဲ့ကြသည်။ ရုရှားနိုင်ငံသည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများတွင် ပါဝင်ရန်ဆန္ဒမရှိကြောင်း ပြောဆိုခဲ့ကြသည့် အနောက်အုပ်စုနိုင်ငံများ၏ ပြောဆိုချက်များကို အန်နာတိုလေးအန်တိုနော့ဗ်က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
ရုရှား နှင့် ယူကရိန်းတို့သည် ၂ဝ၂၂ ခုနှစ် မတ်လနောက်ပိုင်းတွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လုပ်ဆောင်ခဲ့ကြသော်လည်း သဘောတူညီမှုမရရှိခဲ့ကြကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် ယူကရိန်းခေါင်းဆောင်များကို ဆွေးနွေးပွဲများ မလုပ်ဆောင်ရန် နှင့် ဆက်လက်တိုက်ပွဲဝင်ရန် စည်းရုံးခဲ့ခြင်းဖြစ်ကြောင်း မီဒီယာအချို့က ဖော်ပြခဲ့သည်။
ထို့အပြင် ယူကရိန်းပဋိပက္ခတွင် အနောက်အုပ်စုနိုင်ငံများ၏ ပါဝင်ပတ်သက်မှုသည် ခန့်မှန်းမရနိုင်သော အကျိုးဆက်များကို ရှိလာစေနိုင်ကြောင်း အန်နာတိုလေးအန်တိုနော့ဗ်က ယခုသီတင်းပတ်အစောပိုင်းတွင် သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လစ်ဗျားနိုင်ငံရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်တစ်ခုလား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ