ဗန်းမော်လေဆိပ်တွင် လေယာဉ် အတက်၊ အဆင်း ပြန်လည်ပြုလုပ်ခဲ့ကာ အစားထိုး လေကြောင်းခရီးစဉ်များလည်း ပါဝင်ခဲ့
သုတကျော် (NSS) - မတ် ၁၅
လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့သည့်အတွက် ပိတ်ထားခဲ့ရသည့် ဗန်းမော်လေဆိပ်တွင် ပုံမှန်အတိုင်း လေယာဉ် အတက်၊ အဆင်း ပြန်လည်ပြုလုပ်နေပြီဖြစ်ကာ ပိတ်ထားသည့် ရက်အတွက် အစားထိုး ပြေးဆွဲသည့် လေယာဉ်လမ်းကြောင်းများလည်း ပါဝင်သည့် အတွက် ဆင်းသက်သော လေယာဉ်အစီးရေ များပြားခဲ့ကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက NP News ကို ပြောကြားသည်။
မတ်လ ၇ ရက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် လေယာဉ်ပြေးလမ်းအချို့ ထိခိုက်သွားသည့်အတွက် လေဆိပ်ကို ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်ကာ မတ်လ ၁၅ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်စတင် ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
“မြို့ထဲမှာတော့ ထိခိုက်တာ ကြီးကြီးမားမားမရှိဘူး။ စောင့်ကြည့်နေရမှာပဲ။ ဒီနေ့ လေယာဉ်က ၅ စီးတောင် ဆိုက် တာ။ ဗန်မော် - မန္တလေး - ရန်ကုန် က သုံးစီး။ မြစ်ကြီးနားကိုက နှစ်စီး ပေါ့နော်။ အစားထိုးလေယာဉ်လည်း ပါတာပေါ့” ဟု အထက်ပါဒေသခံက မတ်လ ၁၅ ရက် နေ့လည်ပိုင်း ၁၂ နာရီခွဲအချိန်တွင် ပြောကြားသည်။
“ဒီနေ့ စပြီးတော့ လေယာဉ်တွေ ပြန် ပြေးဆွဲတယ်။ ပုံမှန် အတိုင်းပြေးဆွဲမှာလား ဆိုတာကတော့ ပြောချင်မှ ပြောလို့ ရဦးမယ့် အနေအထားဖြစ်မယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဗန်းမော်လေဆိပ်တွင် လေယာဉ် ပုံမှန်ပြေးဆွဲမည့်အခြေအနေမှာ နိုင်ငံရေးအခြေအနေပေါ်တွင် မူတည်နေပြီး ပုံမှန်အားဖြင့် မြန်မာ့လေကြောင်း မှ လေယာဉ်ခရီးစဉ်မှာ တစ်ပတ်လျှင် နှစ်စီးရှိပြီး သောကြာ နှင့် တနင်္ဂနွေကို ပုံမှန်ပြေးဆွဲနေခြင်းဖြစ်ကာ ပြီးခဲ့သည့်အပတ်တွင်မူ လေယာဉ်ကွင်းကို ပိတ်ထားသည့်အတွက် လေယာဉ်မလာခဲ့ ကြောင်းလည်း ၎င်းပြောပြချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့နယ်တွင် “ဝ” UWSA အဖွဲ့ဝင်များ လိုက်ပါလာသည့် ကားနှင့် တွဲကားတို့ တိုက်မိခဲ့ရာ (၂)ဦးထိခိုက် ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ