တာချီလိတ်မြို့နယ်တွင် “ဝ” UWSA အဖွဲ့ဝင်များ လိုက်ပါလာသည့် ကားနှင့် တွဲကားတို့ တိုက်မိခဲ့ရာ (၂)ဦးထိခိုက် ဒဏ်ရာရ
သန့်ဇင် (NSS) - မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် “ဝ” UWSA အဖွဲ့ဝင်များလိုက်ပါလာသည့် ကားနှင့် တွဲကားတို့ တိုက်မိခဲ့ရာ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၁၅ ရက်)၊ နံနက် ၁၁ နာရီခန့်အချိန်က တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နာယောင်းကျေးရွာအုပ်စု၊ ဟွေခိုက်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုဖြစ်သွားတဲ့ကားက သူတို့အချင်းချင်းကျော်တက်တာမှာဖြစ်တာ။ တာချီလိတ်ကနေ ကျိုင်းတုံကို “ဝ” UWSA အဖွဲ့မောင်းလာတဲ့ကားပေါ့။ သူက ကျော်တက်လိုက်တော့ တစ်ဖက်ပြောင်းအိတ်တွေတင်လာတဲ့ တွဲကားကလည်း လာတော့ မျက်နှာချင်းဆိုင်တိုက်မိမှာစိုးလို့ ခေါင်းကိုဘေးကို ထိုးချလိုက်တာ။ အဲဒီမှာ ဘေးစောင်းနဲ့တိုက်မိတာ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၄၀)နှစ်အရွယ် UWSA အဖွဲ့ဝင် အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ကားပေါ်က (၂)ယောက်ကတော့ ခြေထောက်တွေညှပ်သွားလို့ ဆွဲထုတ်ရတယ်။ အပေါ်ပိုင်းကတော့ လေအိတ် တွေ ပွင့်သွားလို့ တော်တော်သက်သာသွားတာ။ ကားကတော့ တော်တော်ပျက်စီးသွားတယ်။ အရှိန်ကလည်းများလို့ ဖြစ်တာပေါ့။ ဖြစ်စဉ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ကပဲ ရောက်လာပြီး ရှင်းပေးသွားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တာလေမြို့ဆေးရုံသို့ ပို့ဆောင်သွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်၌ ၂၃၀ ကေဗွီ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော်မဟာဓာတ်အားလိုင်းစီမံကိန်းကို Chinese Working Group က တည်ဆောက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း