Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားနိုင်ငံတွင် သုံးရက်ကြာကျင်းပမည့် သမ္မတရွေးကောက်ပွဲကို စတင်

ဂျန်ဇက် (NSS) - မတ် ၁၅ 

ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်တွင် စတင်ကျင်းပလိုက်ပြီး ရုရှား ပြည်သူများ လာရောက်မဲပေးခဲ့ကြောင်း သိရသည်။ 

ရုရှားနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် သုံးရက်ကြာ ကျင်းပမည်ဖြစ်ရာ မဲပေးမှုများက မတ်လ ၁၇ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ရုရှားသမ္မတရွေးကောက်ပွဲကို လက်ရှိသမ္မတပူတင် အပါအဝင် ကိုယ်စားလှယ်လောင်းလေးဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး သမ္မတသက်တမ်းက ခြောက်နှစ်ဖြစ်ကြောင်း သိရသည်။ 


သမ္မတပူတင်သည် သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး၂ဝ၂ဝ ပြည့်နှစ်တွင် သမ္မတကို ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခွင့်ပြုမည့်အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြန်လည်ပြင်ဆင်ပြောင်းလဲပြီးနောက် သမ္မတရွေးကောက်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်သည်။


အဆိုပါ သမ္မတရွေးကောက်ပွဲကို ရုရှားနိုင်ငံအတွင်းရှိ အသက်ပြည့်သူအားလုံး မဲပေးရမည်ဖြစ်သလို အွန်လိုင်းမှ တဆင့် မဲပေးခွင့်ပြုပေးထားကြောင်း သိရသည်။ အွန်လိုင်းမှတဆင့် မဲပေးမည့်သူများသည် ရုရှားအစိုးရထံတွင် အွန်လိုင်းမှတဆင့် မဲပေးမည့်အကြောင်းကို ကြိုတင်ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ရုရှားသမ္မတ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲပေးခြင်းစနစ်ကိုလည်း ခွင့်ပြုထားပြီး ရုရှားနိုင်ငံ၏ ကျေးလက်မြို့စွန့်များတွင် ကြိုတင်မဲပေးမှုစနစ်ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံတွင် ကျင်းပနေ သည့် သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက ပါဝင်ယှဉ်ပြိုင်နေသည့် လက်ရှိသမ္မတ ပူတင်အနိုင်ရရန် အလားလာများနေကြောင်း ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။ ရုရှားရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၅ ရက်တွင် စတင်ခဲ့သော သမ္မတရွေးကောက်ပွဲကို နိုင်ငံအတွင်းရှိ မဲပေးခွင့်ရှိသူ လူပေါင်း ၇၁ ရာခိုင်နှုန်းကျော် မဲပေးမည်ဟု ခန့်မှန်းထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွင် ဖိအားပေးစေခိုင်းခံနေရသည့် လူရာပေါင်းများစွာကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved