အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွင် ဖိအားပေးစေခိုင်းခံနေရသည့် လူရာပေါင်းများစွာကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ပြော
Pika (NSS) - မတ် ၁၅
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းကို အသုံးပြုကာလိမ်လည်မှုများလုပ်ဆောင်နေသည့် ဂိုဏ်းတွင် အတင်းအကြပ် ဖိအားပေးကာ စေခိုင်းခံနေရသည့် လူရာပေါင်းများစွာကို မတ်လ(၁၄)ရက်က လုပ်ဆောင်ခဲ့သော ဝင်ရောက်စီးနင်း မှုအတွင်း အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထို့အပြင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှင့်ပတ်သက်သည်ဟု ယူဆရသော သံသယရှိသူလူ(၈)ဦးကိုလည်း ဖမ်းဆီးခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထပ်မံပြောကြားခဲ့သည်။ မနီလာမြို့မြောက်ဖက်ရှိ ခြံဝင်းတစ်ခုမှ ထွက်ပြေးလွတ်မြောက်လာ သော ဗီယက်နမ်နိုင်ငံသားတစ်ဦး၏ ပြောဆိုချက်များနှင့်အတူ ဝင်ရောက်စီးနင်းမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဝင်ရောက်စီးနင်းမှုကို ဦးဆောင်သည့် မှုခင်းတပ်ဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဂီလ်ဘာတိုခရုဇ် က "အဲဒီ အွန်လိုင်းလိမ်လည်မှုဂိုဏ်းဟာ အချစ်ရေးလိမ်လည်မှုတွေ၊ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုတွေနဲ့ အခြား လိမ်လည်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေတာလို့ ကယ်ဆယ်ခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီနေရာ ကနေ ထွက်သွားလို့မရအောင် အတင်းအကြပ်စေခိုင်းခံရသူတွေရဲ့ပတ်စ်ပို့တွေကို ရာဇဝတ်ဂိုဏ်းက သိမ်းဆည်း ထားတာလို့လည်း သိရပါတယ်" ဟု ပြောခဲ့သည်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် အွန်လိုင်းလိမ်လည်မှုဂိုဏ်းကို ဝင်ရောက်စီးနင်းမှုအတွင်း တရုတ်နိုင်ငံသား(၄၃၂) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား (၃၇၁)ဦး၊ ဗီယက်နမ်နိုင်ငံသား(၅၇)ဦး၊ မလေးရှာနိုင်ငံသား(၈)ဦး၊ ထိုင်ဝမ်နိုင်ငံသား(၃)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၂)ဦး နှင့် ရဝမ်ဒါနိုင်ငံသား(၂)ဦးတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
Bamban မြူနီစီပယ်ရှိ (၁၀)ဟက်တာ ကျယ်ဝန်းသောခြံဝန်းသည် အင်တာနက်ဂိမ်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည် နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများသည် သွေးဆောင်ဖြားယောင်းခြင်း၊ပြန်ပေးဆွဲခြင်း (သို့မဟုတ်) အတင်းအကြပ်ဖိအားပေးစေခိုင်းခြင်းတို့ကို လုပ်ဆောင် နေပြီး အရှေ့တောင်အာရှတစ်ဝှမ်းတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ ပျံ့နှံ့လျက်ရှိကြောင်းလည်း သိရသည်။
ထို့အပြင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းနှင့်ပတ်သက်သည်ဟု ယူဆရသော သံသယရှိသူလူ(၈)ဦးကို တရားမဝင် ဖမ်းဆီးမှုနှင့် လူကုန်ကူးမှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ သံသယရှိသူများကို ဖော်ထုတ်နိုင်ရန်အတွက် တရုတ်သံရုံးကို အကူအညီတောင်းထားကြောင်း ဂီလ်ဘာတိုခရုဇ် က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောက်ကိုင်မှ နေရပ်သို့ပြန်လာနေစဉ် ဖမ်းဆီးခံရသည့်လူငယ်များနှင့်ပတ်သက်၍ MNDAA ကို စာပို့ထားခဲ့ရာ တစ်လကျော်သည်အထိ သတင်းမရသောကြောင့် စိုးရိမ်နေကြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း