နှစ်ပေါင်း ၇၀ လုံး သံအဆုတ်ထဲမှာ နေထိုင်ခဲ့ရတဲ့ အလက်ဇန်းဒါးပေါလ် ကွယ်လွန်
ရောင်နီ (NSS) - မတ် ၁၅
နှစ်ပေါင်း ၇၀ ကျော်ကြာ အထူးပြုလုပ်ထားတဲ့ သံအဆုတ်နဲ့ အသက်ရှင်နေထိုင်ခဲ့သူ အလက်ဇန္ဒား ပေါလ်ဟာ အသက် ၇၈ နှစ်၊ တနင်္လာနေ့(မတ်လ ၁၁ ရက်)မှာတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
၄င်းကွယ်လွန်တဲ့သတင်းကိုတော့ အင်္ဂါနေ့ (မတ်လ ၁၂ ရက်) မှာမှ လူသိရှင်ကြား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၄င်းဟာ နှစ် ၇၀ အတွင်း စိတ်ကျမှုတွေကို ဖီဆန်ရုန်းကန်ရင်း တရားရုံးရှေ့နေနဲ့ စာရေးဆရာဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ပေါလ်ဟာ Covid-19 ကူးစက်မှုကြောင့် လွန်ခဲ့တဲ့ ၃ ပတ်က ဆေးရုံတက်ခဲ့ရပေမယ့် အခုအပတ်မှာတော့ Covid negative ဖြစ်ခဲ့တာကြောင့် အခုသေဆုံးရတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။
ပေါလ်ဟာ ၁၉၅၂ ခုနှစ်၊ အသက် ၆ နှစ်မှာ ပိုလီယိုရောဂါစတင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာမှာ ပိုလီယို ကူးစက်ပျံ့နှံ့မှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
အမေရိကန်မှာ အဆိုပါနှစ်အတွင်း ပိုလီယိုဖြစ်ပွားမှု ၂၁၀၀၀ ကျော်ထိ မှတ်တမ်းတင်ခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းမှာ တီထွင်ခဲ့တဲ့ ကာကွယ်ဆေးတွေကြောင့် ယနေ့ခေတ်မှာ ပိုလီယိုရောဂါ ဖြစ်ပွားမှုကို ဖယ်ရှားပစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အဲဒီရောဂါကြောင့် ပေါလ်ဟာ လည်ပင်းအောက်ပိုင်းတလျှောက် သေသွားပြီး အသက်တောင်
ရှုနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၎င်းအတွက် လေထုဖိအားအမျိုးမျိုးပြောင်းလဲနိုင်တဲ့ သံအဆုတ်(ခေါ် )သတ္တုဆလင်ဒါကြီးနဲ့ ပြန်လည်ကုသပြီး အသက်ရှင်ခွင့်ရခဲ့ပါတယ်။
အဲဒီလိုနဲ့ ပေါလ်ဟာ နောက်ဆယ်စုနှစ် ခုနစ်ခုကို သံအဆုတ်ထဲမှ နေထိုင်ရှင်သန်ခဲ့ပါတယ်။
၎င်းဟာ သံအဆုတ်ထဲမှာ နေရင်းပဲ ဥပဒေဘွဲ့ရရှိခဲ့ပြီး တရားရုံးရှေ့နေအဖြစ် အနှစ် ၃၀ ကြာ လုပ်ကိုင်ခဲ့ပါသေးတယ်။
ဒီအတွက် ၎င်းဟာ ၂၀၂၃ ခုနှစ် မတ်လမှာတော့ ကမ္ဘာ့အသက်အရှည်ဆုံး သံအဆုတ်လူနာအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ချီးမြှင့်ခံခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူပြည်နယ်အစိုးရက ပြည်နယ်သတင်းဌာနအတွက် AI သတင်းတင်ဆက်သူကို အသုံးပြုလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ