စစ်ပွဲဖြစ်ပွားလာမည်ဆိုပါက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကို အမြန်ဆုံးသတ်ပစ်ရန် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အမိန့်ပေး
Pika (NSS) - မတ် ၁၄
ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲထပ်မံဖြစ်ပွားလာမည်ဆိုပါက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် အခြားထိပ် တန်းအရာရှိများကို အမြန်ဆုံးသတ်ပစ်ရန် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ်ခ်က တောင်းဆိုခဲ့ကြောင်းသိရသည်။
ရှင်ဝန်ဆစ်ခ်သည် ၎င်း၏အမိန့်ကို မတ်လ(၁၃)ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ ခေါင်းဆောင်များကို သတ်ပစ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် တောင်ကိုရီးယားစစ်တပ် အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ပြောကြားခဲ့ကြောင်းသိရသည်။ ရှင်ဝန်ဆစ်ခ်က "ကင်ဂျုံအန်းက စစ်ပွဲကို စတင်ခဲ့မယ်ဆိုရင် အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အနေနဲ့ ရန်သူခေါင်းဆောင်ကိုလျင်မြန်စွာ ချေမှုန်းပစ်ဖို့အတွက် ကမ္ဘာ့အင်အားအကြီးဆုံး အထူးစစ်ဆင်ရေးအဖွဲ့ဖြစ်လာအောင် လုပ်ရပါမယ်"ဟု ပြောဆိုခဲ့သည်။
ရှင်ဝန်ဆစ်ခ်သည် ဆိုးလ်မြို့ အရှေ့တောင်ဖက် အင်ချွန်းမြို့ရှိ ကွန်မန်ဒိုတပ်ဖွဲ့များဆီသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့က “Freedom Shield” စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေစဉ်အချိန်အတွင်း ရှင်ဝန်ဆစ်ခ်သည် အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အစမ်းလေ့ကျင့်မှုနှင့် ရန်စမှုတစ်ခုအဖြစ် ကင်ဂျုံအန်းက ဖော်ပြပြောဆိုခဲ့ကြောင်းသိရသည်။ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် မြောက်ကိုရီးယား၏ အမျိုးမျိုးသော ရန်စမှုများအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်တပ် အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။
အထူးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က "မြောက်ကိုရီးယားကို အဆုံးထိ ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့နဲ့ အပြစ်ပေးဖို့အတွက် ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတ ဂျိုးဘိုင်ဒန် နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ရွေး ကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ ပါတီသမ္မတလောင်းတွေအဖြစ်ရွေးချယ်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ