Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငါးဖမ်းသင်္ဘောတစ်စီး တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ထိုင်ဝမ်နှင့်တရုတ်တို့ ပူးတွဲကယ်ဆယ်ရေးများလုပ်ဆောင်

Pika (NSS) - မတ် ၁၄

ထိုင်ဝမ်ထိန်းချုပ်ထားသော ကင်မန်းကျွန်းအနီးတွင် တိမ်းမှောက်ခဲ့သော သင်္ဘောတစ်စီးကို ကယ်ဆယ်ရန်အတွက် ထိုင်ဝမ်နှင့်တရုတ်တို့သည် ရှားပါးသော ပူးတွဲမစ်ရှင်တစ်ခုအဖြစ် အဖွဲ့များကို မတ်လ(၁၄)ရက်က စေလွှတ်ခဲ့ကြောင်းသိရသည်။


ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများရှိနေသည့်ကြားက နှစ်ဖက်စလုံးက ယခုကဲ့သို့ ပူးတွဲမစ်ရှင်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မတ်လ(၁၄)ရက် အစောပိုင်းတွင် တရုတ်ငါးဖမ်းသင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် ထိုင်ဝမ် နှင့် တရုတ်တို့မှ အာဏာပိုင်များသည် ကယ်ဆယ်ရေးသင်္ဘောများကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။ ငါးဖမ်းသင်္ဘောတိမ်းမှောက်ပြီးနောက် လူနှစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး နှစ်ဦးကို ကယ်ဆယ်ခဲ့ကာ နှစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ 

တရုတ်အာဏာပိုင်များ၏ တောင်းဆိုချက်အရ ထိုင်ဝမ်သည် ကယ်ဆယ်ရေးတွင် ပါဝင်ရန်အတွက် ကမ်းခြေစောင့်သင်္ဘောများကို စေလွှတ်ခဲ့ကြောင်း အမည်မဖော်လိုသူ ထိုင်ဝမ်အကြီးတန်းအရာတစ်ဦး၏ ပြောကြားချက်အရသိရသည်။ ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်ကမ်းရိုးတန်းအနီးရှိ ကင်နမ်းကျွန်းတစ်ဝိုက်တွင် ပုံမှန်ကင်းလှည့်မှုများကို ပြီးခဲ့သည့်လက စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်လတွင် တရုတ်သင်္ဘောတစ်စီး သည် တားမြစ်ထားသော ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့များက လိုက်လံဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသားနှစ်ဦးသေဆုံးခဲ့ပြီးနောက် ထိုင်ဝမ်ဘက်က ကင်းလှည့်မှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

တရုတ်ငါးဖမ်းသင်္ဘောသည် ထိုင်ဝမ်၏ Dongding ကျွန်း အနောက်ဘက် ရေမိုင် (၁ ဒသမ ၀၇)မိုင် အကွာတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါကျွန်းပေါ်တွင် တပ်စွဲထားသည့် ထိုင်ဝမ်တပ်ဖွဲ့များသည်လည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြကြောင်းသိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ထိုင်ဝမ်ဖက်မှ ကမ်းခြေစောင့်သင်္ဘောလေးစင်းစေလွှတ်ခဲ့ပြီး တရုတ်ဘက်မှ သင်္ဘော (၆)စီး စေလွှတ်ခဲ့ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အောင်လံမြို့နယ်တွင် သံဃာတော်တစ်ပါး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အင်အား(၅၀)ခန့်ရှိသော PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved