ဆန္ဒပြမှုနဲ့အတူ လုပ်ငန်းခွင် ပြန်မဝင်ရောက်တဲ့ ဆရာဝန်ပေါင်း ၄၉၀၀ ကျော်ကို ဆေးကုသခွင့်လိုင်စင်များ ဆိုင်းငံ့ခဲ့ဟု တောင်ကိုရီးယားအစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၁၁
တောင်ကိုရီးယားအစိုးရက ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ပြီးနောက် အလုပ်ကနုတ်ထွက်ခဲ့တဲ့ ဆရာဝန်ပေါင်း ၄၉၀၀ ကျော်ကို ဆေးကုသခွင့်လိုင်စင်များ ဆိုင်းငံ့လိုက်ကြောင်းသိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အစိုးရက ဆရာဝန်အရေအတွက်တိုးမြှင့်ခန့်ထားနိုင်ရေးကြိုးပမ်းလာခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၂၀ ရက်က တောင်ကိုရီးယားနိုင်ငံရှိ ဆရာဝန်အတွေက ဆန္ဒပြမှုတွေစတင်ခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယားအစိုးရဟာ နိုင်ငံအတွင်း ဆရာဝန်လိုအပ်ချက်တွေမရှိစေဖို့ ဆေးကျောင်းသားခေါ်ယူမှုတွေတိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်ခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဆရာဝန်တွေဆန္ဒပြမှုကြောင့်ဆေးရုံတွေမှာ ဆရာဝန်တွေလိုအပ်ချက်တွေရှိနေခဲ့ပြီး ကျန်းမာရေးကိစ္စတွေ ကမောက် ကမဖြစ်လာစေခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယားအစိုးရက ဆန္ဒပြနေတဲ့ဆရာဝန်တွေကို အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားပေမယ့် အလုပ်သင် ဆရာဝန် ၁၂၀၀၀ နီးပါးဟာ လုပ်ငန်းခွင် ပြန်ဝင်ရောက်တာမျိုးမရှိခဲ့ကြောင်းသိရပါတယ်။
တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းခွင် ပြန်မဝင်ရောက်တဲ့ ထောင်နဲ့ချီတဲ့ ဆရာဝန်တွေရဲ့လိုင်စင်ကို ဆိုင်းငံ့ခဲ့ကြောင်း ဆရာဝန်တွေကို လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်စေဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောပါတယ်။ တောင်ကိုရီးယားကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက " မတ်လ ၈ရက်နေ့အထိ အလုပ်သင်ဆရာဝန်ဦးရေ ၄၉၀၀ ကျော်ကို လိုင်စင်တွေဆိုင်းငံ့ထားတယ်။" လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁၁ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ