ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီမှုမရနိုင်သေးပေမယ့် ဆွေးနွေးမှုတွေကို လမ်းကြောင်းဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဟားမက်စ်အဖွဲ့ပြော
ဂျန်ဇက် (NSS) - မတ် ၁၁
ဂါဇာစစ်ပွဲအဆုံးသတ်ဖို့အတွက် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးပေမယ့် အစ္စရေးနဲ့ဆွေးနွေးရေးကို လမ်းကြောင်းဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ အကြီးအကဲအစ္စမေးလ် ဟာနီယက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာနီယက်က "သဘောတူစာချုပ် လက်မှတ်မရေးထိုးနိုင်ခြင်းအတွက် အဓိကတာဝန်အရှိဆုံးဟာ အစ္စရေးနိုင်ငံသာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ဖို့ စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ လမ်းကြောင်း ဖွင့်ထားဆဲဖြစ်ပါတယ်"လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲနိုင်ဖို့ ကြားဝင်စေ့စပ်သူတွေဟာ အရှိန်မြင့်ကြိုးပမ်းခဲ့ပေမယ့်လက်ရှိအချိန်အထိ သဘောတူညီမှုမရနိုင်သေးဘဲ စစ်ပွဲကာလ ၆ လကျော်နေပြီဖြစ်ပါတယ်။ ဟားမက်ခေါင်းဆောင်ကအစ္စရေးဟာ အကျဉ်းသားတွေအပြန်အလှန်ပြန်လွှတ်ပေးရေးဆိုတဲ့အချက်ကို လက်ခံလိုခြင်းမရှိကြောင်း ပြောပါတယ်။ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ ဟားမက်စ်အဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဟားမက်စ်အဖွဲ့က တောင်းဆိုထားကြောင်းသိရပါတယ်။ ဟားမက်စ်အဖွဲ့က အစ္စရေးတပ်ဖွဲ့တွေကို ဂါဇာဒေသကနေ ပြန်လည်ရုတ်သိမ်းရေးဆိုတဲ့အချက်ကိုလည်း တောင်းဆိုထားပြီး အစ္စရေးက အဲဒီအချက်တွေကိုလည်း ငြင်းဆန်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြင်သစ်နှင့် မော်လ်ဒိုဗာနိုင်ငံကြား လက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ