ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြင်သစ်နှင့် မော်လ်ဒိုဗာနိုင်ငံကြား လက်မှတ်ရေးထိုး
Pika (NSS) - မတ် ၁၁
မော်လ်ဒိုဗာသမ္မတ Maia Sandu သည် မတ်လ(၇)ရက်တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြင်သစ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ယူကရိန်း နှင့် ရိုမေးနီးယားနိုင်ငံကြားတွင် တည်ရှိသော မော်လ်ဒိုဗာနိုင်ငံကို ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများက ကြိုးပမ်းနေသည့် အချိန်အတွင်း အဆိုပါသဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ် သည်။ မော်လ်ဒိုဗာနိုင်ငံအတွက် ပြင်သစ်၏ ခိုင်မာသောပံ့ပိုးမှုများကို ပြင်သစ်သမ္မတမက်ခရွန်က ကတိပြုခဲ့ကြောင်းလည်း သိရသည်။ ရုရှားအစိုးရက မော်လ်ဒိုဗာနိုင်ငံကို ၎င်း၏ဩဇာလွှမ်းမိုးမှုနယ်မြေအဖြစ် ရှုမြင်သည်ဟု ယုံကြည်ခြင်းကြောင့် ပြင်သစ်နိုင်ငံသည် မော်လ်ဒိုဗာနိုင်ငံတွင် ၎င်း၏ တည်ရှိမှုကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။ ထို့ပြင် ပြီးခဲ့သည့်လတွင် ပြင်သစ်နိုင်ငံသည် အာမေးနီးယားနိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ရုရှားသမ္မတပူတင်အနေဖြင့် ၎င်း၏ကျူးကျော်တိုက်ခိုက်မှုများကို ယူကရိန်းတွင် မရပ်တန့်ပါက အကျိုးဆက်များရှိလာမည်ဖြစ်ကြောင်း မော်လ်ဒိုဗာသမ္မတ Maia Sandu က သတိပေးပြောဆိုခဲ့သည်။ မော်လ်ဒိုဗာသမ္မတ Maia Sandu က "ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေက မရပ်တန့်ဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ရှေ့တန်းစစ်မြေမျက်နှာပြင်ဟာ ကျွန်မတို့အနားကို ပိုမိုနီးကပ်လာပါလိမ့်မယ်။ ဥရောပတိုက်ဟာ စည်းလုံးညီညွတ်မှုတွေကို ပြသရပါမယ်"ဟု ပြောဆိုခဲ့သည်။
ပြင်သစ်နှင့် မော်လ်ဒိုဗာနိုင်ငံကြား ရေးထိုးထားသော ကာကွယ်ရေးသဘော တူညီချက်သည် နှစ်နိုင်ငံစလုံး၏ အနာဂတ်ပူးတွဲလေ့ကျင့်မှုများနှင့် ထောက် လှမ်းရေးသတင်းအချက်အလက် မျှဝေမှုတို့အတွက် ကတိပြုထားကြောင်းလည်းသိရသည်။ ထို့ပြင် ပြင်သစ်၏ကာကွယ်ရေးမစ်ရှင်ကို နွေရာသီတွင် မော်လ်ဒိုဗာနိုင်ငံ Chisinau မြို့မှာ စတင်လုပ်ဆောင်မည်ဖြစ်ပြီး နှစ်နိုင်ငံကြားဖြစ်နိုင်ခြေရှိသော လက်နက်ဆိုင်ရာ စာချုပ်များအတွက်ဆွေးနွေးမှုများကို စတင်နေပြီဖြစ်ကြောင်းလည်း သိရသည်။ ယူကရိန်းကို ကျူးကျော်တိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည့်အချိန်မှစတင်ပြီး ရုရှားနှင့် မော်လ်ဒိုဗာနိုင်ငံကြား ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လတ်ဗီးယားအစိုးရက ရုရှားနိုင်ငံသားများကို နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းစတင်လုပ်ဆောင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ