စနစ်သစ်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့မှစတင်ကာ နိုင်ငံတစ် ဝန်းကျင်းပ
ရဲပြည့်၊ သန့်ဇင် (NSS) - မတ် ၁၁
စနစ်သစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်း၌ စတင်ကျင်းပနေပြီဖြစ်သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့(မတ်လ ၁၁ ရက်)၊ နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မတ်လ (၁၂)ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာ၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒနှင့် ပထဝီဝင်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒနှင့် သမိုင်း၊ မတ်လ ၁၆ ရက် ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်တို့ကို နားရက်မရှိ(၆)ရက်ဆက်တိုက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူမှုရေးသိပ္ပံဘာသာရပ်ကို မတ်လ ၁၈ ရက်တွင် ဖြေဆိုရမည်ဖြစ်ပြီး စိတ်ကြိုက်မြန်မာစာကို မတ်လ ၁၉ ရက်၌ ဖြေဆိုသွားမည်ဖြစ်ကာ စာမေးပွဲဖြေဆိုချိန်မှာ နံနက် ၉နာရီမှ မွန်းတည့် ၁၂နာရီအထိ ဖြစ်ကြောင်း သိရသည်။
“သားကစာမေးပွဲဖြေမှာဆိုတော့ စိတ်လှုပ်ရှားတာပေါ့။ ဖြေနိုင်မယ်လို့လည်း ယုံကြည့်ပါတယ်” ဟု မရမ်းကုန်း အထက(၂)မှ ကျောင်းသားမိဘတစ်ဦးက NSS ကိုပြောသည်။
ယခုနှစ်၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်အတွက် စာရင်းပေးသွင်းထားသူမှာ (၁၄၅၂၀၀)ဦးအထိ ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးကို ကူညီနေခြင်းထက် ပိုမိုထိခိုက်အောင်လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း