Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်း၏ ဒရုန်း(၄၇)စင်းကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော

Pika (NSS) - မတ် ၁ဝ 

ရုရှားနိုင်ငံတောင်ပိုင်းဒေသများတွင် ယူကရိန်း၏ ဒရုန်း(၄၇)စင်းကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက မတ်လ(၉)ရက်တွင် ပြောကြားခဲ့သည်။

ဒရုန်းအများစုကို ယူကရိန်းနိုင်ငံ နယ်စပ်ရှိ Rostov ဒေသတွင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ထပ်မံ ပြောကြားခဲ့သည်။ ရုရှားက ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ပြီးနောက်ပိုင်းတည်းက ယူကရိန်းသည် ရုရှားနိုင်ငံတွင်းသို့ ဒရုန်းများကို ပုံမှန်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရုရှားစစ်တပ်က "ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ဘယ်လ်ဂိုရော့ဒေသမှာ ဒရုန်းတစ်စင်း၊ Kursk ဒေသမှာ ဒရုန်းနှစ်စင်း၊ ဗိုလ်ဂိုဂရက်ဒေသမှာ ဒရုန်းသုံးစင်းနဲ့ Rostov ဒေသမှာ ဒရုန်း(၄၁)စင်းတို့ကို ကြားဖြတ် ဟန့်တားပြီး ဖျက်ဆီးပစ်ခဲ့တာပါ" ဟု ပြောခဲ့သည်။


ရုရှားနိုင်ငံတောင်ပိုင်းရှိ Rostov ဒေသသည် ယူကရိန်းတွင် ပြုလုပ်နေသော ၎င်း၏ စစ်ဆင်ရေးအစီအစဉ်များနှင့် ပတ်သက်ပြီး ရုရှားစစ်တပ်အတွက် အချက်အချာကျသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ယူကရိန်းတပ်ဖွဲ့ များ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုသည် Taganrog မြို့ကို ထိမှန်ခဲ့ကြောင်း Rostov ဒေသအုပ်ချုပ်ရေးမှူး Vasily Golubev က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း လူသေဆုံးမှုမရှိ ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် ဒရုန်းများဖြင့် Taganrog မြို့ရှိ လေယာဉ်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားစစ်တပ်နှင့်နီးစပ်သည့် ဆိုရှယ်မီဒီယာချန်နယ်များ က ပြောကြားခဲ့သည်။

တယ်လီဂရမ်ချန်နယ် Rybar က "Taganrog မြို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ် ကတော့ Beriev လေယာဉ်စက်ရုံပဲဖြစ်ပါတယ်" ဟု ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းတပ်ဖွဲ့များ၏ အခြားပစ်မှတ်တစ်ခုမှာ Morozovsk မြို့ရှိ စစ်ဘက်ဆိုင်ရာလေတပ်စခန်းတစ်ခုဖြစ်ကြောင်း တယ်လီဂရမ်ချန်နယ် Rybar က ထပ်မံရေးသားဖော်ပြခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တန်ဇန်းနီးယားနိုင်ငံတွင် ပင်လယ်လိပ်အသားစားခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ပြီး အခြားလူ(၇၈)ဦး ဆေးရုံတင်ထားရဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved