ဂါဇာဒေသကိုကူညီရန် ရေကြောင်းစင်္ကြံတည်ဆောက်မှုတွင် ဗြိတိန်က ပူးပေါင်းပါဝင်မည်
Pika (NSS) - မတ် ၉
ဗြိတိန်အစိုးရသည် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ တိုက်ရိုက်ပံ့ပိုးပေးရန်အတွက် ရေကြောင်းစင်္ကြန်တစ်ခုတည်ဆောက်ရန် အမေရိကန်၊အခြားမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့မှု ပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်ပြီး ဂါဇာကမ်းရိုးတန်းတွင် ယာယီဆိပ်ကမ်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မတ်လ(၇)ရက်တွင် ပြုလုပ်ခဲ့သော ၎င်း၏နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများဝင်ရောက်ခွင့် ဆက်လက်ပိတ်ဆို့ခံထားရမည်ဆိုပါက အငတ်ဘေးဖြင့် ကြုံတွေ့လာနိုင်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးမှုနှင့်အတူ စိုးရိမ်မှုများပိုမိုမြင့်တက်လာခဲ့ပြီးနောက် ယာယီဆိပ်ကမ်းတည်ဆောက်မည့်အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသကို ရေကြောင်းမှ အကူအညီများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဗြိတိန်နိုင်ငံက အမေရိကန်နှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေးဗစ်ကင်မရွန်းက မတ်လ(၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒေးဗစ်ကင်မရွန်းက "ဂါဇာကမ်းမြောင်ဒေသက ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အလွန်အမင်းလိုအပ်နေပါတယ်။ အမေရိကန်နဲ့အတူ ဗြိတိန်နဲ့အခြားမိတ်ဖက်နိုင်ငံတွေဟာ ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ တိုက်ရိုက်ပေးပို့ဖို့အတွက် ရေကြောင်းစင်္ကြံတစ်ခုကို တည်ဆောက်သွားမှာပါ။ ပြီးတော့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီတွေ ပေးနိုင်ဖို့ အမြန်ဆုံးနည်းလမ်းအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို နောက်ထပ်ထရပ်ကားတွေ ဝင်ရောက်ခွင့်ပြုဖို့ အစ္စရေးကို ကျွန်တော်တို့ ဆက်လက်တိုက်တွန်းထားပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်ဆေးမှောင်ခိုမှုတွင် ဟွန်ဒူးရပ်စ်သမ္မတဟောင်း ပါဝင်ပတ်သက်နေကြောင်းတွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ