Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြန်မာဘက်မှ ဝင်လာသည့် ဒုက္ခသည်များကို အိန္ဒိယ စတင်နှင်ထုတ်နေ

Htay Oung (NSS) - မတ် ၉

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ နစက အစိုးရတက်လာပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံအတွင်း ခိုလှုံခွင့်ရရှိရေး ကြိုးစားနေသူ မြန်မာဒုက္ခသည်များအနက် ပထမဆုံးအုပ်စုကို နယူးဒေလီက စတင်နှင်ထုတ်နေပြီး လာမယ့်ရက်များအတွင်း နောက်ထပ် ပြန်ပို့ရန် စီစဉ်နေကြောင်း၊ မြန်မာနိုင်ငံနဲ့ ဗီဇာမလိုပဲ နယ်ခြားဖြတ်ကျော် ဝင်ရောက်ခွင့်ကို ဖျက်သိမ်းလိုက်ကြောင်း အိန္ဒိယက ပြောဆိုပြီးနောက် ရက်သတ္တပတ်များအကြာမှာ ယခုလို ဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယမန်နေ့ (မတ်လ ၈ ရက်) မှာ ရေးသားပါတယ်။


မြန်မာနိုင်ငံမှ စစ်သားရာဂဏန်းအပြင် ထောင်နဲ့ချီတဲ့ အရပ်သားတို့ဟာ နှစ်နိုင်ငံအကြား လူမျိုးတူညီမှုနဲ့ မိသားစုချင်း ဆက်နွယ်မှုရှိတဲ့ အိန္ဒိယအရှေ့ မြောက်ဖျား ပြည်နယ်များအတွင်း ပြေးဝင်ခိုလှုံလာခဲ့ကြပါတယ်။ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံအတွင်း လူမျိုးရေးတင်းမာမှု အန္တရာယ်ရှိတာကြောင့် နယူးဒေလီအတွက် စိုးရိမ်နေရပါတယ်။

အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ဒီနေ့ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ အရှေ့မြောက်ပိုင်း မြန်မာနယ်စပ်ရှိ မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န်ဘီရန်ဆင်းက ယခင် Twitter ခေါ် X လူမှုကွန်ရက်ပလက်ဖောင်းမှာ ရေးသားထားပါတယ်။

မဏိပူရပြည်နယ်အစိုးရ မှတ်တမ်းအရ သောကြာနေ့မှ စတင်ပြီး ဒုက္ခသည် ၇၇ ဦးထက်မနည်းကို နေရပ်ပြန်ပို့ရန် စီစဉ်နေကြောင်း သိရှိရပါတယ်။ ယမန်နှစ် မေလ မဏိပူရပြည်နယ်မှာ စတင်ဖြစ်ပွားတဲ့ ကသည်း(မေထေး) နဲ့ ကူကီချင်းတို့အကြား လူမျိုးရေးအဓိကရုန်းများဟာ ပြည်နယ်အတွင်း ပြန်နှံ့သွားပြီး ကြိုကြားကြိုကြား အကြမ်းဖက်မှုများကြောင့် ယခုအချိန်အထိ လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။

အိန္ဒိယနယ်စပ် မိုရေးမြို့ကို ပထမအသုတ် ဒုက္ခသည်များ ရောက်ရှိနေပြီး စနေနေ့မှာ မြန်မာဘက်ကို လွှဲပြောင်းပေးဖွယ်ရှိတယ်လို့ အမည်မဖော်လိုသူ အိန္ဒိယလုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။ အမျိုးသမီးဒုက္ခသည်အချို လုံခြုံရေး ဗင်ကားနဲ့တင်ပြီး လေဆိပ်ထံ ခေါ်ဆောင်သွားတဲ့ ဗီဒီယိုဖိုင်ကိုလည်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ လွှင့်တင်ထားပါတယ်။

အိန္ဒိယဟာ ဒုက္ခသည်များအခွင့်အရေးနဲ့ နိုင်ငံအသီးသီးတို့ရဲ့ တာဝန်များကို သတ်မှတ်ပေးထားတဲ့ ၁၉၅၁ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းပြည် ဖြစ်ပြီး နိုင်ငံအတွင်း ဒုက္ခသည်များကို အကာအကွယ်ပေးဖိုအတွက် ဥပဒေများလည်း မရှိပါဘူး။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာဆိုင်ရာ အကြောင်းပြချက်အရ အကျပ်အတည်းမှ ထွက်ပြေးခို လှုံလာသူ များကို စနစ်တကျချဉ်းကပ်မှုဖြင့် နေထိုင်စရာနဲ့ အကူအညီများ ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ဆိုပါတယ်။

အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေးကိစ္စအပါအဝင် အခြားကိစ္စများကြောင့် မြန်မာနဲ့ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အဆုံးသတ်မယ်လို့ ပြီးခဲ့တဲ့လကမှာ နယူးဒေလီက ပြောခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာနဲ့ ၁,၀၂၀ မိုင်ရှည်လျားတဲ့ နယ်စပ်တစ်လျောက် စည်းရိုးအတားအဆီးခတ်ဖို့ စီစဉ်နေကြောင်း ရက်သိပ်မကြာခင် အိန္ဒိယပြည်ထဲရေးဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဟိမဝန္တာနယ်စပ်တလျှောက် အိန္ဒိယဘက်က တပ်များကို တိုးမြှင့်ချထားလာခြင်းဟာ နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ပါးလာဖို့ ဖန်တီးမှု မဟုတ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုတယ်လို့ ယမန်နေ့ ရိုက်တာသတင်း အေဂျင်စီရဲ့ အခြားသတင်းတစ်ပုဒ်မှာ တွေ့ရှိရပါတယ်။

တရုတ်နိုင်ငံအနောက်ပိုင်း အငြင်းပွားနယ်စပ် ယခင်က တပ်စွဲထားတဲ့နေရာမှာ အိန္ဒိယက အင်အားဖြည့်တင်းတဲ့အနေနဲ့ စစ်သား ၁၀,၀၀၀ ကို ထပ်မံစေလွှတ်ပေးခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြနေကြပါတယ်။

နှစ်နိုင်ငံအကြား စစ်ရေးနဲ့ သံတမန်လမ်းကြောင်းများမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ထားရှိရန် ယခင်က သဘောတူညီခဲ့ကြပြီး တရုတ်-အိန္ဒိယနယ်စပ် အနောက်ဘက်ခြမ်းရှိ နယ်ခြားပြဿနာ ဖြေရှင်းရေး အပြုသဘောဆောင်တဲ့ အစည်းအဝေးတစ်ရပ်ကိုလည်း မကြာသေးမီက ကျင်းပခဲ့ကြပါတယ်။

နီပေါနိုင်ငံ အနောက်ပိုင်း ဥတ္တရခန်းနဲ့ ဟီမာချယ်ပရာဒက်ရှ်ုပြည်နယ်ရှိ တရုတ်နိုင်ငံနဲ့ ထိစပ်နေပြီး ၃၃၁ မိုင် ရှည်လျားတဲ့ နယ်ခြားကို စောင့်ကြပ်ရန်အတွက် စစ်သားအင်အား ၁၀၀၀၀ ကို တပ်ဖြန့်ထားလိုက်တယ်လို့ း အိန္ဒိယမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ 

နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ရာမှာ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က ကတိပြုကြောင်း အိန္ဒိယရဲ့ ယခုအပြုအမူဟာ ငြိမ်းချမ်းရေးကို အကာအကွယ်ပေးရာမှာ အထောက်အကူ မပြုသလို တင်းမာမှုတွေ ဖြေလျှော့ဖို့အတွက်လည်း အထောက်အကူ မဖြစ်ကြောင်း ယုံကြည်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဆိုပါတယ်။

နယ်စပ်ဒေသတွေမှာ အိန္ဒိယရဲ့ စစ်အင်အား တိုးမြင့်လာမှုဟာ နယ်ခြားဒေသတွေရဲ့ အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ ဒါမှမဟုတ် အဲဒီဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ ကူညီရာ မရောက်ရှိဘူးလို့ ပြောပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ မိုင် ၂၁၀၀ ခန့် ရှည်လျားတဲ့ နယ်နိမိတ်ကို မျှဝေကြပြီး အများစုမှာ နယ်ခြားအမှတ်အသားများ ညံ့ဖျင်းလှပါတယ်။ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်း အဆိုပါဒေသ ရုန့်ရင်းဆန်ခတ်မှုများအတွင်း အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အဲ့ဒီနေရာမှာ နှစ်နိုင်ငံစလုံးရဲ့ စစ်တပ်တို့က အခိုင်အမာ နေရာယူထားကြပြီး တပ်ဖွဲ့ဝင်များနဲ့ စစ်ဘက်အဆောက်အအုံများကို ဖြန့်ချတည်ဆောက်နေခဲ့ကြပါတယ်။

(Reuters., 8 March 2024,” India begins deporting first group of Myanmar refugees who fled 2021 coup” နှင့် ဆက်စပ်သတင်းကို ဆီလျော်အောင်ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်သာယာမြို့နယ်တွင် ကုန်ကားဖြင့်တိုက်ခံရမှုကြောင့် ဆွမ်းဆန်စိမ်းအလှူခံထွက်လာသည့် ကိုရင်တစ်ပါး နှင့် သီလရှင်(၂)ပါးပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved