လှိုင်သာယာမြို့နယ်တွင် ကုန်ကားဖြင့်တိုက်ခံရမှုကြောင့် ဆွမ်းဆန်စိမ်းအလှူခံထွက်လာသည့် ကိုရင်တစ်ပါး နှင့် သီလရှင်(၂)ပါးပျံလွန်တော်မူ
Pearl (NSS) - မတ် ၉
လှိုင်သာယာမြို့နယ်တွင် ကုန်ကားဖြင့်တိုက်ခံရမှုကြောင့် ဆွမ်းဆန်စိမ်းအလှူခံထွက်လာသည့် ကိုရင်တစ်ပါး နှင့် သီလရှင်(၂)ပါးပျံလွန်တော်မူခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၈ရက်)၊ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၂)၊ မက္ခရာမင်းသားကြီးလမ်း၊ မောင်ပျိုးလမ်း နှင့် မြတောင်ဝန်ကြီးဦးမှိုလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်းထောင့်၌ ဆွမ်းဆန်စိမ်းအလှူခံရန်အတွက် ကိုရင်များ ၊ သီလ ရှင်များ လိုက်ပါလာသည့် ဘေးတွဲဆိုင်ကယ် နှင့် မြတောင်ဝန်ကြီး ဦးမှိုလမ်းဘက်မှထွက်လာသည့် ကုန်ကားတို့ တိုက်မိခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ကိုရင်လေး (၁)ပါးရယ်၊ သီလရှင်လေး (၁)ပါးရယ်ကတော့ ကြိတ်မိသွားပြီး ဖြစ်စဉ်နေရာမှာတင် ဆုံးပါးသွားတယ်။ နောက် သီလရှင်လေး တစ်ပါးကတော့ ခြေထောက်ကို ဒဏ်ရာရထားတယ်။ အနီရောင်အဆင့်ပေါ့။ အရေးပေါ်လူနာအနေနဲ့ တွေ့တယ်။ အဲဒီလူနာကို လှိုင်သာယာဆေးရုံကိုပို့တယ်။ အဲဒီကနေတဆင့် ရန်ကုန်ဆေးရုံကြီးကိုပို့တယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးသွားတယ်လို့ ပြောတယ်။ တခြားကိုရင်လေးတွေလည်းပါတော့ပါတယ်။ ဒဏ်ရာတော့ မရဘူး” ဟု ဒေသခံ လူမှုကူညီရေး အသင်း၏ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ကိုရင်လေး နှင့် သီလရှင်လေးများသည် လှိုင်သာယာမြို့နယ်၊ အောင်မြေချမ်းသာကျောင်း၌ သီတင်းသုံးကြပြီး ကိုရင်လေးသည် အသက် (၈)နှစ်အရွယ်ဖြစ်ကာ သီလရှင်လေး (၂)ပါးသည် အသက် (၁၂) နှင့် (၁၄) နှစ် အရွယ်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံသားများကို အွန်လိုင်းမှတဆင့် စုဆောင်းကာ ရုရှားစစ်တပ်အတွက် စေလွှတ်နေသည့် အဖွဲ့များကို အိန္ဒိယအာဏာပိုင်များက ဝင်ရောက်စီးနင်းမှုများပြုလုပ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း