မန္တလေးပြည့်သူ့ဆေးရုံကြီးတွင် ဦးခေါင်း(၂)လုံး၊ ခန္ဓာကိုယ်တစ်ခုဖြင့် ကလေးငယ်မွေးဖွားခဲ့ပြီး မိဘများအကူအညီလိုအပ်နေ
သန့်ဇင် (NSS) - မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဦးခေါင်း(၂)လုံး၊ ခန္ဓာကိုယ်တစ်ခုဖြင့် ကလေးငယ်မွေးဖွားခဲ့ပြီး မိဘများသည် ငွေကြေးချို့တဲ့ ခြင်းကြောင့် အကူအညီများလိုအပ်နေကြောင်း NSS က ကာယကံရှင်များထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ခန္ဓာကိုယ်တစ်ခုတည်းပေါ်တွင် ဦးခေါင်း(၂)လုံးပါလာသော ကလေးငယ်ကို မတ်လ ၇ရက်၊ နေ့လည်ပိုင်းအချိန်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးတွေက လက်ရှိအခြေအနေတော့ ကျန်းမာရေးကောင်းပါတယ်။ အခုတော့ မိခင်နဲ့တွေ့လို့မရသေးပါဘူး။ မိခင်ကခွဲစိတ်ပြီး မွေးထားရတဲ့အတွက် တွေ့လို့မရသေးပါဘူး။ ကလေးတွေရဲ့အခြေအနေ စိုးရိမ်ရသလားနဲ့ပတ်သက်ပြီးတော့ ဆရာဝန်တွေက ပြောပြထားတာတော့မရှိပါဘူး။ ကလေးတွေက လက်ရှိတော့ ဓာတ်ကင်တဲ့အခန်းထဲမှာပဲရှိတုန်းပါပဲ” ဟု ကလေးငယ်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
အဆိုပါကလေးငယ်ကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအုပ်စု၊ တမာပင်ကျေးရွာတွင်နေထိုင်သည့် အသက်(၃၅)နှစ် အရွယ် မတင်မာမှ မွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မိခင်နှင့်ကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါကလေးငယ်၏ မိဘ(၂)ပါးသည် ငွေကြေးချို့တဲ့သူများဖြစ်သဖြင့် မွေးဖွားစရိတ်အပြင် စားဝတ်နေရေးအခက်ခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
“ကျွန်တော်တို့မှာက အခက်အခဲတွေကြုံနေရပါတယ်။ ခရီးကဝေးတော့ စားဝတ်နေရေးအခက်အခဲများစွာကတော့ အဓိကကြုံနေရတာပါ” ဟု ၎င်းကပြောသည်။
အခက်အခဲကြုံနေရသည့် ကလေးငယ်၏မိသားစုကို လှူဒါန်းလိုသူများအနေဖြင့် ဖခင်ဖြစ်သူ ကိုင်ဆောင်သော ဖုန်းနံပါတ်ဖြစ်သည့် ၀၉၄၂၄၃၈၈၅၇၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း မြန်မာဘက်မှ ဝင်လာသည့် ဒုက္ခသည်များကို အိန္ဒိယ စတင်နှင်ထုတ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ