မြန်မာနိုင်ငံ၌ အမျိုးသမီး စာတတ်မြောက်မှုရာခိုင်နှုန်း (၈၅) ရာခိုင်နှုန်းအထိ တိုးတတ်လာဟု နစကဥက္ကဋ္ဌပြော
Pearl (NSS) - မတ် ၉
မြန်မာနိုင်ငံ၌ အမျိုးသမီး စာတတ်မြောက်မှုရာခိုင်နှုန်း (၈၅) ရာခိုင်နှုန်းအထိ တိုးတတ်လာကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (မတ်လ ၈ ရက်) တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပေးပို့သည့်မိန့်ခွန်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ် သည်။
မြန်မာနိုင်ငံ၌ အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်တွင် ၇၃ ရာခိုင်နှုန်းရာမှ ၂၀၂၃ ခုနှစ်တွင် ၈၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့မြန်မာအမျိုးသမီးများသည် မိသားစုအတွင်း၊ ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင်ပါ အမျိုးသားများ နှင့် တန်းတူအကျိုးပြုနိုင်သူများဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူ၍ လိုအပ်သည့်ကဏ္ဍများတွင်လည်း ပါဝင်ခွင့်ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
အလားတူ ယနေ့ခေတ်၌ နည်းပညာဖွံ့ဖြိုးတိုးတက်နေသည်နှင့်အမျှ အလုပ် အကိုင်ရရှိမှုနှင့် စီးပွားရေးလုပ်ငန်းများတွင် နည်းပညာသည် အရေးပါသည့် အခန်းကဏ္ဍအဖြစ် ပါဝင်လာခြင်းကြောင့် အမျိုးသမီးများသည်လည်း ခေတ်နှင့်လျော်ညီစွာ နည်းပညာများကို လက်လှမ်းမီသုံးစွဲတတ်ရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် အမျိုးသမီးများ နည်းပညာကို လက်လှမ်းမီသုံးစွဲနိုင်ရန် Digital Literacy သင်တန်းများ ပံ့ပိုးပေးရန်လိုအပ်ကြောင်းနှင့် လက်ရှိတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးမှုသင်တန်းများနှင့် နည်းပညာမြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသားများခေါ်ယူရာတွင်လည်း သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီပါက ကျား၊မခွဲခြားမှုမရှိဘဲ တန်းတူညီမျှစွာ အခွင့်အရေးပေးထားကြောင်း ၎င်းက ပြောသည်။
ကမ္ဘာတစ်ဝန်း ကျား မ အခြေပြု အလုပ်အကိုင်ရရှိမှုစစ်တမ်း(၂၀၂၃) အရ ၂၀၂၀ ပြည့်နှစ်၌ အလုပ်ရရှိသူ အမျိုးသားများသည် ၆၆ ဒသမ ၅၇ ရာခိုင် နှုန်းနှင့် အမျိုးသမီးများသည် ၄၃ ဒသမ ၀၂ ရာခိုင်နှုန်းဖြစ်၍ ၂၀၂၃ ခုနှစ်တွင်အလုပ်ရရှိသူအမျိုးသားများသည် ၆၇ ဒသမ ၈၆ ရာခိုင်နှုန်းနှင့် အမျိုးသမီးများသည် ၄၃ ဒသမ ၈၂ ရာခိုင်နှုန်းဖြစ်သည့်အတွက် အမျိုးသားနှင့်အမျိုး သမီးအကြား အလုပ်အကိုင်ရရှိမှု အခြေအနေသည် ကွာဟနေဆဲဖြစ် ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စပိန်မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း