ပြင်းထန်သော ပြစ်ဒဏ်များပါဝင်သည့် အမျိုးသားလုံခြုံရေးဥပဒေကြမ်းသစ်ကို ဟောင်ကောင် အစိုးရထုတ်ပြန်
ALynn (NSS) - မတ် ၈
ဟောင်ကောင်သည် နိုင်ငံတော်သစ္စာဖောက်မှု၊ တော်လှန်ပုန်ကန်မှုကဲ့သို့ ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်မည့် အမျိုးသားလုံခြုံရေးဥပဒေကြမ်းသစ်ကို ဖေဖော်ဝါရီလ ၈ ရက် (သောကြာနေ့) က ထုတ်ပြန်ခဲ့သည်။ ၎င်းဥပဒေကြမ်းသည် အစိုးရ၏ အုပ်ချုပ်ရေးအာဏာကို ပိုမိုချဲ့ထွင်နိုင်မည် ဖြစ်ကာ အနာဂတ်တွင် ၎င်းအားစိန်ခေါ်လာနိုင်သည့် သူလျှိုလုပ်ခြင်းများ၊ ပြင်ပ၏ ဝင်ရောက်စွက်ဖက်မှုများ နှင့် အခြားနိုင်ငံတော် လျှို့ဝှက်ချက်များကို အကာအကွယ်ပြုပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် ဆူပူအုံကြွရန် လှုံ့ဆော်မှုများအတွက်လည်း ပြင်းထန်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် ဖော်ပြထားသည်။ ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီ၏ တွန်းအားပေးမှုအောက်တွင် ဥပဒေပြုရေးလုပ်ငန်းစဉ်ကို အမြန်အပြီးသတ် နိုင်ရန် စီစဉ်ထားပြီး သောကြာနေ့တွင် လွှတ်တော်အမတ်များသည် ထိုဥပဒေကြမ်းအား စတင်ဆွေးနွေးသွားမည် ဖြစ်သည်။
တရုတ်ပြည်မကြီးယိမ်းသည့် အမတ်များစွာ ပါဝင်သော ဟောင်ကောင်ဥပဒေပြုလွှတ်တော်တွင် အဆိုပါဥပဒေ ကြမ်းအား ရက်သတ္တပတ်အနည်းငယ်အတွင်း လွယ်လင့်တကူ အတည်ပြု ပြဋ္ဌာန်းနိုင်လိမ့်မည်ဟု မျှော်လင့်ရပါ သည်။
ဝေဖန်သုံးသပ်သူများက ထိုဥပဒေကို ပြဋ္ဌာန်းခြင်းဖြင့် ဟောင်ကောင်၏ ဥပဒေမူဘောင်သည် တရုတ်ပြည်မကြီး နှင့် ပို၍ ဆင်တူလာနိုင်ပြီး အရပ်ဘက်လွတ်လပ်ခွင့်များ ဆုံးရှုံးလာနိုင်ချေရှိကြောင်း သုံးသပ်ထားကြသည်။ သို့သော် အစိုးရက ၂၀၁၉ ခုနှစ်က မြို့တော်ကို လှုပ်ခတ်သွားစေသည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို ထောက်ပြခဲ့ပြီး ထိုသို့ သောအခြေအနေများအတွက် အမျိုးသားလုံခြုံရေးဥပဒေမှာ လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။ ဥပဒေသစ်အောက် တွင် နိုင်ငံခြားတိုင်း ပြည်တစ်ခုမှ အင်အားသုံး၍ နိုင်ငံအား ကျူးကျော်စေရန် လှုံ့ဆော်ပေးခြင်းကို နိုင်ငံတော်သစ္စာ ဖောက်မှုဟု သတ်မှတ်ပြီး အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။
ထို့ပြင် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေသည့်အကြမ်းဖက်မှုများကို ကျူးလွန်ခြင်းအား ပုန်ကန်မှုအဖြစ် သတ်မှတ်ထားသည်။ အလားတူ ဆူပူအုံ့ကြွမှုကျူးလွန်သူများကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်ပြီး ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်သည့် ဆူပူမှုမျိုးဆိုလျှင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။ ပြည်ပအင်အားစုများဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် နိုင်ငံခြားအစိုးရများ နှင့် နိုင်ငံရေးပါတီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများ ပါဝင်သည်။
၂၀၂၀ ပြည့်နှစ်ကလည်း အလားတူဥပဒေမျိုး ပြဋ္ဌာန်းရန်ကြိုးပမ်းခဲ့ပြီး ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ရှေ့မဆက်နိုင်ခဲ့ပေ။ သို့သော် ၎င်းဥပဒေကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များကို ဆန္ဒပြပြည်သူများ ကြုံတွေ့ ခံစားခဲ့ရပြီးဖြစ်သည့်အတွက် ယခုအကြိမ်တွင် အလားတူဆန္ဒပြမှုမျိုး ထပ်မံမဖြစ်ပွားနိုင်တော့ဟု မျှော်လင့်ရပါ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံသို့ ကာကွယ်ရေးသတင်းအချက်အလက်များ ရောင်းချခဲ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် အမေရိကန် စစ်သားတစ်ဦး ဖမ်းဆီးခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ