ယူကရိန်းကို ဒရုန်းအစီးရေ ၁ဝဝဝဝ ကူညီထောက်ပံ့ပေးမည်ဟု ဗြိတိန်စစ်ဘက် ကတိပြု
ဂျန်ဇက် (NSS) - မတ် ၉
ဗြိတိန်အစိုးရသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံကို ဒရုန်းအစီးရေပေါင်း ၁သောင်းကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဂရမ်ရှက်က ယူကရိန်းကို ရောက်ရှိချိန်အတွင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ဒရုန်းများ ဝယ်ယူနိုင်ရန်အတွက် အမေရိကန် ဒေါ်လာသန်း ပေါင် ၁၂၅ သန်း ကူညီသွားမည်ဖြစ်ရာ ယူကရိန်းသို့ ဒရုန်းအကူအညီအတွက် ပေါင် ၃၂၅ သန်း ကူညီ ထောက်ပံ့ထားပြီးဖြစ်ကြောင်း ပြောသည်။
အဆိုပါ ကူညီထောက်ပံ့ငွေများကို အသုံးပြုပြီး ယူကရိန်းကို ယခုနှစ်အတွင်း ဒရုန်းအစီးရေပေါင်း တစ်သောင်း ကူညီ ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။ ယူကရိန်းသို့ ကူညီထောက်ပံ့ပေးမည့် ဒရုန်းများထဲတွင် one-way တိုက်ခိုက်ရေးသုံးဒရုန်း၊ ထောက်လှမ်းရေးသုံးဒရုန်း၊ ရေကြောင်း ဆိုင်ရာဒရုန်း နှင့် FPV ဒရုန်းများ ပါဝင်မည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး က "ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးမယ်ဆိုတဲ့ ကတိတွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်" ဟု ပြောသည်။
ဗြိတိန်သည် ယူကရိန်း နှင့် ရုရှားနိုင်ငံကြား ၂ဝ၂၂ ခုနှစ်တွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်ရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇ ဘီလျံကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကတိပြုထားသည်။ ဗြိတိန် သည် ယူကရိန်းနှင့် စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက ယူကရိန်းစစ်သားထောင်ချီကို စစ်သင်တန်းများ ကူညီလေ့ကျင့်သင်ကြားပေးခဲ့ဖူးကြောင်း သိရသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းစစ်သားများသည် ရုရှားစစ်ကားများ နှင့် ရုရှားစစ်လက်နက်ပစ္စည်းများကို ဖျက်ဆီးနိုင်ရန်အတွက် ဒရုန်းအမျိုးမျိုးကို အသုံးပြုတိုက်ခိုက်နေကြောင်း ပြောသည်။ ယူကရိန်းသည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအချိန်ကြာလာသည်နှင့်အမျှ စစ်လက်နက်ပစ္စည်းများ လိုအပ်ချက်များရှိလာနေရာ စစ်လက်နက်ပစ္စည်းများ ပိုမိုကူညီထောက်ပံ့ပေးရန် အနောက်အုပ်စုနိုင်ငံများကို တောင်းဆိုနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်းထန်သော ပြစ်ဒဏ်များပါဝင်သည့် အမျိုးသားလုံခြုံရေးဥပဒေကြမ်းသစ်ကို ဟောင်ကောင် အစိုးရထုတ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ