Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တင်းမာမှုများမြင့်တက်နေသည့်ကြားက အမြောက်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများကို မြောက်ကိုရီးယားအစိုးရ ပြုလုပ်

Pika (NSS) - မတ် ၈ 

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန်ရည်ရွယ်သည့် အမြောက်ဖြင့်ပစ်ခတ်လေ့ကျင့်မှုများကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ်လ(၈)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ကျူးကျော်တိုက်ခိုက်မှုများလုပ်ဆောင်ရန်အတွက် အစမ်းလေ့ကျင့်မှုဟု သတ်မှတ်ထားသော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများကို ဆန့်ကျင်သည့်အနေဖြင့် သင့်လျော်သော စစ်ရေးခြေလှမ်းများကို လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားအစိုးရက ကတိပြုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အဆိုပါ ပစ်ခတ်လေ့ကျင့်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မတ်လ(၇)ရက်က လုပ်ဆောင်ခဲ့သော စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို တိုက်ခိုက်နိုင် သည့် အကွာအဝေးတွင် အမြောက်များဖြင့် နေရာယူထားသော ရှေ့တန်းအမြောက်တပ်များ ပါဝင်ကြောင်း KCNA က ပြောကြားခဲ့သည်။

ထို့အပြင် အမြောက်တပ်များသည် အမှန်တကယ် တိုက်ပွဲဝင်ရမည့်အချိန်တွင် ညှာတာမှုမရှိဘဲ လျင်မြန်သော တိုက်ခိုက်မှုများဖြင့် အစပြုရမည်ဟု ကင်ဂျုံအန်းက ပြောဆိုခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။


မြောက်ကိုရီးယားသည် မတ်လ(၇)ရက်တွင် ၎င်း၏နိုင်ငံအနောက်ဖက်ကမ်းရိုးတန်းရှိ ရေပြင်ထဲသို့ အမြောက်ကျည် များ ပစ်လွှတ်ခဲ့သည်ကို ခြေရာခံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက မတ်လ(၈)ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား၏ ရန်စသည့်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ တပ်ဖြန့်ထားသော တာဝေးပစ် အမြောက်လက်နက်များသည် နိုင်ငံနယ်စပ်မှ (၅၀)ကီလိုမီတာခန့်အကွာတွင်ရှိသော လူဦးရေ(၁၀)သန်းရှိသည့် ဆိုးလ်မြို့အတွက် လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြစ်စေကြောင်းလည်း သိရသည်။ မတ်လ(၄)ရက်တွင် စတင် လုပ်ဆောင်ခဲ့သော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် သတ်မှတ်ထားခြင်းမျိုးမရှိသော စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ထို့အပြင် ကင်ဂျုံအန်းသည် မတ်လ(၇)ရက်တွင် နိုင်ငံအနောက်ပိုင်းရှိ စစ်ရေးလေ့ကျင့်မှုကွင်းများကို သွားရောက် လည်ပတ်ခဲ့ပြီး စစ်ပွဲအတွက် တိုက်ခိုက်ရေးစွမ်းရည်များကို ပိုမိုမြှင့်တင်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းကို ဒရုန်းအစီးရေ ၁ဝဝဝဝ ကူညီထောက်ပံ့ပေးမည်ဟု ဗြိတိန်စစ်ဘက် ကတိပြု

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved