အိန္ဒိယမြို့တစ်မြို့ရဲ့စားသောက်ဆိုင်တစ်ခုမှာ Customar တွေ ရေခဲခြောက်တွေကို စားမိခဲ့ခြင်းကြောင့် သွေးအန်ခဲ့ရ
ရောင်နီ (NSS) - မတ် ၈
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂူရူရမ်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ မန်နေဂျာက သကြားနဲ့ ဟင်းခတ်အမွှေးအကြိုင် တွေနဲ့ပြုလုပ်ထားတဲ့ ဖျော်ရည်မှာ ရေခဲအစား ရေခဲခြောက်တွေနဲ့ဖျော်စပ်ပြီး စားသုံးသူတွေကို တည်ခင်းခဲ့ပါတယ်။
အခင်းဖြစ်ပွားစဉ် ရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုမှာတော့ စားသုံးသူငါးဦးဟာ အော့အန်ပြီး သွေးတွေ အန်ထွက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဆိုပါဖျော်ရည်သောက်သုံးမိသူတွေကို ဆေးရုံတင်ထားရပြီး ၎င်းတို့ထဲမှ နှစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယစားသောက်ဆိုင်အချို့မှာ အစာစားပြီးနောက် ခံတွင်းရှင်းသောက်စရာကို ရိုးရာအတိုင်း ကျွေးမွေးလေ့ ရှိပါ တယ်။ ဒါပေမယ့် အဆိုပါမန်နေဂျာ စီစဉ်ပေးခဲ့တဲ့ဖျော်ရည်မှာ ယာယီအအေးခန်းသုံး ကာဗွန်ဒိုင်အောက်ဆိုဒ် အစိုင်အခဲ ရေခဲခြောက်များ ပါဝင်တယ်လို့ အိန္ဒိယရဲတွေက ပြောပါတယ်။
အဆိုပါဖျော်ရည်ကို သောက်မိသူတိုင်း ခံတွင်းထဲမှာ ပူလောင်တဲ့ခံစားချက်တွေဖြစ်ပေါ်လာပြီး သွေးအန်တာတွေ ဖြစ်ခဲ့ပါတယ်။ မတ် ၅ ရက်မှာတော့ ရဲတပ်ဖွဲ့က အဆိုပါစားသောက်ဆိုင်မန်နေဂျာကို အဆိပ်ခတ်မှု (သို့မဟုတ်) ထိခိုက်နစ်နာစေမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကိုတော့ ရှာနေဆဲလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ တိုက်ခန်းထဲ ကြောင် ၄၃ ကောင်ကို အစာနဲ့ရေ မရှိဘဲ ၃ လကြာထားခဲ့မှုနဲ့ ပိုင်ရှင်ကို တရားစွဲခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ