စင်ကာပူမှာ တိုက်ခန်းထဲ ကြောင် ၄၃ ကောင်ကို အစာနဲ့ရေ မရှိဘဲ ၃ လကြာထားခဲ့မှုနဲ့ ပိုင်ရှင်ကို တရားစွဲခံရ
ရောင်နီ (NSS) - မတ် ၈
စင်ကာပူမှာ အမျိုးသားတစ်ဦးဟာ ၎င်းရဲ့အိမ်မွေးကြောင် ၄၃ ကောင်ကို တိုက်ခန်းထဲ အစာနဲ့ ရေမရှိဘဲ သုံးလကြာ ထားရစ်ခဲ့မှုနဲ့ ဗုဒ္ဓဟူးနေ့ (မတ် ၆ ရက်) မှာ တရားစွဲခံခဲ့ရပါတယ်။
၎င်းရဲ့လုပ်ရပ်ကြောင့် ကြောင်နှစ်ကောင်ဟာ စိတ်ဖိစီးမှု ခံစားရပြီးနောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် စင်ကာပူနိုင်ငံသား မိုဟာမက်ဒယ်နီရယ်ဆူကာမန်ဟာ တိရစ္ဆာန်နဲ့ ငှက်အက်ဥပဒေအရ စွဲချက် ၄၄ ခု ချမှတ်ခံခဲ့ရပါတယ်။ ၎င်းတို့မှာ ကြောင် ၄၃ ကောင်ကို မလိုအပ်ဘဲ နာကျင်ကိုက်ခဲမှုဖြစ်စေတဲ့အချက်နဲ့ တိရစ္ဆာန် ကုသရေးဝန်ဆောင်မှုဌာနကို သွားရောက်ဖို့ ပျက်ကွက်မှုတို့ ပါဝင်ပါတယ်။ ဒယ်နီယန်ဆူကော်မန်ဟာ ၎င်းရဲ့ ကြောင်တွေကို ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထိ ထားခဲ့တာဖြစ်ပါတယ်။
ဒယ်နီရယ် ဆူကာမန်ဟာ တိရစ္ဆာန်တွေကို မလိုလားအပ်တဲ့ နာကျင်ကိုက်ခဲမှုဖြစ်စေတဲ့စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၈ လ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၅,၀၀၀ အထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့တွင် YBS ကားတစ်စီး တိမ်းမှောက်မီးလောင်ခဲ့ရာ ခရီးသည်(၅)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း