ရန်ကုန်မြို့တွင် YBS ကားတစ်စီး တိမ်းမှောက်မီးလောင်ခဲ့ရာ ခရီးသည်(၅)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - မတ် ၈
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်တွင် YBS ကားတစ် စီးတိမ်းမှောက်မီးလောင်ခဲ့ရာ ခရီးသည်(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ကားမီးလောင်မှုသည် မတ်လ ၈ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်တွင် ဒေါပုံမြို့နယ်၊ ဝါဆို တံတားအဆင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သွား ရောက်ကူညီကယ်ဆယ်ခဲ့သည့် လူမှုကူညီရေး အသင်းများထံမှ သိရသည်။
"YBS ကားက တံတားပေါ်ကဆင်းလာတာ။ အဲဒီအချိန်မှာ ကားလေးက အောက်ကြောကနေ ကွေ့လာပြီး အရှိန်နဲ့ ဖင်ကိုဝင်တိုက်တာမှာ မှောက်ပြီး မီးလောင်တာ။ မီးလောင်တဲ့ကားက Mini-YBS (၁၃၄) ပါ"ဟု ရင်ဘက်တူညီကိုများလူမှုကူညီရေး အသင်းမှတာဝန်ရှိသူ တစ်ဦးက NSS ကို ပြောသည်။
ယင်းကဲ့သို့ YBS ခရီးသည်တင်ကား တိမ်းမှောက်မီးလောင်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး(၄)ဦးနှင့် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး YBS ကားသည်လည်း မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
"စုစုပေါင်းလူ(၅)ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က ရင်ဘက်ကို မီးလောင်သွားတာ။ ခြေထောက်တွေနဲ့ လက်တွေလောင်သွားတဲ့ လူတွေလည်း ပါတယ်။ ရင်ဘတ်ကိုမီးလောင်တာဆိုတော့ စိုးရိမ်ရပါတယ်။ သူကတော့အမျိုးသားပါ"ဟု မီးလောင်မှုဖြစ်စဉ်အား သွားရောက်ကူညီခဲ့သည့် ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကို ပြောသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများကို ရှင်သန် ရေးလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။အဆိုပါမီးလောင်မှုကို ဒေါပုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်မီး ငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၆ရက်တွင်လည်း စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ ဗဟိုလမ်းနှင့် ဗားကရာလမ်းထောင့်၌ တက္ကစီတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း ကားအင်ဂျင်ခန်းတစ်ခန်းလုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့တွင် (၂)လကျော်ကာလအတွင်း မီးလောင်မှုပေါင်း (၃၀)ကျော်ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၅)ဦးထိရှိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း