Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်း၏အခွင့်အရေးများကို တရားဝင်ကာကွယ်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော

Pika (NSS) - မတ် ၇ 

တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်း၏ အခွင့်အရေးများကို တရားဝင်ကာကွယ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက မတ်လ(၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့်ဖိလစ်ပိုင်တို့၏ သင်္ဘောများကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ပြီး နောက် တရုတ်ဖက်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား တင်းမာမှု များမှာ ပြီးခဲ့သည့်လများအတွင်း ပိုမိုမြင့်တက်လာခဲ့ပြီး နှစ်နိုင်ငံလုံးမှ သင်္ဘောများသည် အငြင်းပွားကျွန်းများ အနီးတွင် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက "တောင်တရုတ်ပင်လယ်အတွင်းမှာ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကို ဥပဒေနဲ့အညီ တရားဝင်ကာကွယ်သွားမှာပါ။ ပင်လယ်ရေပိုင်နက်အငြင်းပွားမှုတွေမှာ တရုတ်နိုင်ငံဟာ အရာရာ တိုင်းကို အမြဲတမ်းထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်နေတာတွေကို အခွင့်အရေးယူတာမျိုးတွေ လက်မခံပါဘူး။ ပြီးတော့ ရေကြောင်းဆိုင်ရာ ဥပဒေတွေကို တမင်ရည်ရွယ်ပြီး ချိုးဖောက်တာမျိုးကိုလည်း လက်မခံပါဘူး" ဟု ပြောခဲ့သည်။ 

တောင်တရုတ်ပင်လယ်အတွင်းတွင် ထောက်ပံ့ရေးမစ်ရှင်များ လုပ်ဆောင်နေသော ဖိလစ်ပိုင်သင်္ဘောများ နှင့် တရုတ်ကမ်းခြေစောင့်သင်္ဘောတို့ကြား တိုက်မိမှုနှစ်ကြိမ်ဖြစ်ပွားကာ တရုတ်ကမ်းခြေစောင့်သင်္ဘောက ဖိလစ်ပိုင် သင်္ဘောတစ်စီးကို မီးသတ်ပိုက်ဖြင့်ထိုးခဲ့ပြီးနောက် မတ်လ(၅)ရက်တွင် တရုတ်ကိုယ်စားလှယ်တစ်ဦးကို ဖိလစ်ပိုင် အစိုးရက ဆင့်ခေါ်ခဲ့ကြောင်းလည်း သိရသည်။ 

ဖိလစ်ပိုင်သင်္ဘောများသည် ၎င်း၏ အချုပ်အခြာအာဏာပိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော် ဝင်ရောက်လာခြင်းကြောင့် ယခုကဲ့သို့လက်တုံ့ပြန်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောခဲ့သည်။ 

တရုတ်နိုင်ငံ၏ အဆိုပါလုပ်ရပ်များသည် ရန်စသည့်လုပ်ရပ်များဖြစ်ကြောင်း အမေရိကန်အစိုးရက ပြစ်တင် ရှုတ်ချပြောခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သည် ဖိလစ်ပိုင်နိုင်ငံကို အသုံးချကာ ဒေသအတွင်းတွင် တင်းမာမှုများကို ပိုမိုမြင့်တက်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မတ်လ (၇)ရက်တွင် ပြန်လည်စွပ်စွဲပြောဆိုခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်းစိန်လူမိုက် ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူဟု စွပ်စွဲခံနေရသော လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို စစ်ကိုင်းမြို့တွင် ဖမ်းမိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved