Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်းစိန်လူမိုက် ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူဟု စွပ်စွဲခံနေရသော လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို စစ်ကိုင်းမြို့တွင် ဖမ်းမိ

မြူနစ် (NSS) - မတ် ၇

အင်းစိန်လူမိုက် ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုတွင် အဓိကကျူးလွန်သူဟု စွပ်စွဲခံနေရသည့် ကြည့်မြင်တိုင်လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


လူမိုက် ကိုရဲမျိုးသိန်း(ခ)ငမျိုးနှင့်အဖွဲ့ကို ယမန်နေ့(မတ်လ ၆ ရက်) နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ တကောင်း ရပ်ကွက်၊ သစ္စာစေတီဘုရားအနီး၊ ပုဗ္ပာရုံကျောင်းအတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လူမိုက် ကိုငမျိုးနှင့်အတူ အောင်ကျော်ကြား(ခ)ကျော်ကြီး၊ ဟိန်းထက်အောင်(ခ)ခေါင်းကြီး၊ အောင်မြတ်မင်း(ခ)အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး(ခ)အောင်လေး၊ ကျော်ဆန်းလင်း(ခ) သံမဏိ၊ မျိုးမင်းနိုင်(ခ)အရှည်ကြီးနှင့် ဇော်မင်းဦး(ခ)တွတ်ပီတို့ (၉)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်က ပြန်လည်ခုခံပြီးတော့ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားတဲ့အတွက် လက်နက်ငယ်အချို့ပစ်ဖောက်ပြီးတော့ ခြောက်လှန့် ဖမ်းဆီးခဲ့ရတယ်။ အခုတော့ သူတို့ကို ရန်ကုန်ကို ဆက်ပြီးတော့ လွှဲပေးလိုက်ပြီ”ဟု စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။

ထိုသို့ လူမိုက် ကိုငမျိုးနှင့်အဖွဲ့ကို ဖမ်းဆီးရမိစဉ် ကားနှစ်စီးနှင့်အတူ ဓါးရှည် (၅)ချောင်း၊ ဓါးမြှောင် (၂)ချောင်း၊ လေးခွ(၁) လက်၊ သံကုန်းသီး (၄၂)လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ကြည့်မြင်တိုင်လူမိုက်ဟု လူသိများသော ကိုငမျိုးအပါအဝင် (၉)ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွှဲ ပြောင်းပေးလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

အင်းစိန်လူမိုက်ဟု လူသိများသော ကိုကျော်ဝင်းစိန်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်၊ ညပိုင်းတွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကျောင်းကြီးလမ်းပေါ်တွင် ဓါးများဖြင့် ခုတ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရပြီးနောက် ရက်ပိုင်းအကြားတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ကျူးလွန်သူ (၄)ဦးသည် ကြည့်မြင်တိုင်ရဲစခန်းတွင် လာရောက်ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

ကိုကျော်ဝင်းစိန် သတ်ဖြတ်ခံရမှုဖြစ်စဉ်တွင် အဓိကကျူးလွန်သူမှာ ကြည့်မြင်တိုင်လူမိုက် ကိုငမျိုးနှင့်အဖွဲ့ဖြစ်ကြောင်း သတင်းအများအပြားပျံ့နှံ့ခဲ့ပြီး ကိုငမျိုးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်း တိမ်းရှောင်နေစဉ် ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းလုပ်သား (၁၃၀၀)ကျော်ကို အလုပ်အကိုင်ဖန်တီးပေးမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၇)ခုကို ခွင့်ပြု

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved