ဗီဇာလျှောက်ထားသူများထံမှ သံရုံးဝန်ထမ်းအယောင်ဆောင်ကာ ငွေကြေးများ ဖျားယောင်းရယူမှုရှိနေကြောင်း ထိုင်းသံရုံး သတိပေး
ယွန်း (NSS) - မတ် ၆
ဗီဇာလျှောက်ထားသူများထံမှ သံရုံးဝန်ထမ်းအယောင်ဆောင်ကာ ငွေကြေးများ ဖျားယောင်းရယူမှုရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ယနေ့ (မတ်လ ၆ ရက်) တွင် အသိပေးထားသည်။
လက်တလောအခြေအနေအရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဗီဇာလျှောက်ထားသူ များပြားနေခြင်းဖြစ် ကာ အွန်လိုင်းကတစ်ဆင့် booking တင်နိုင်ကြောင်းလည်း ထိုင်းသံရုံးက အသိပေးထားရသည်။
သံရုံး၏ အွန်လိုင်းဗီဇာရက်ချိန်းလျှောက်သည့်စနစ်တွင် မသမာသူအချို့သည် ပတ်စပို့ နံပါတ်အမျိုးမျိုးကို သုံးကာ ရက်ချိန်းတွင် booking နေရာအများအပြားကို ရယူနေကြောင်း သံရုံး၏ စာတွင် တွေ့ရသည်။
အဆိုပါဖြစ်စဥ်ကြောင့် ရက်ချိန်းနေ့တွင် ရက်ချိန်းယူထားသော်လည်း လာရောက်လျှောက်ထားသူမရှိသည့် အခြေ အနေများ မြင့်မားလျက်ရှိကြောင်း သံရုံးက အသိပေးထားသည်။
ထို့ပြင် သံရုံးဝန်ထမ်းအယောင်ဆောင်ထားသူများက သံရုံးရှေ့တွင် ဗီဇာလျှောက်ထားသူအချို့ထံမှ ပါလာသော ငွေကြေးကို သံရုံး၏ ကောင်စစ်ဌာနသို့မဝင်မီ စစ်ဆေးပေးမည်ဟု ဖျားယောင်းရယူမှုများလည်းရှိနေကြောင်း သံရုံး၏ စာအရ သိရသည်။
သံရုံးအနေဖြင့် ဗီဇာရက်ချိန်းလျှောက်ထားရန်အတွက် အခကြေးငွေယူသည့် စည်းမျဥ်းများ ချမှတ်ထားခြင်းမရှိကြောင်း စာတွင် ရေးသားထားသည်။
ထို့ပြင် ထိုင်းသံရုံးသည် ကောင်စစ်ဌာနအပြင်၌ ဗီဇာလျှောက်ထားသူများ၏ ရက်ချိန်းလျှောက်ထားမှု အတည်ပြု ချက် နှင့် ပတ်စပို့ကိုသာ စစ်ဆေးပြီး ကောင်စစ်ဌာနအတွင်းတွင် လိုအပ်သော စာရွက်စာတမ်းများကို စစ်ဆေးပြီး ဗီဇာကြေး လက်ခံနေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂုဏ်ပုဒ်ကို ဘီလျံနာအီလွန်မတ် ဆုံးရှုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ