နှစ်သစ်ကူးကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပါက ထိရောက်စွာ အရေးယူမည်ဟု ရန်ကုန်တိုင်းအစိုးရ သတိပေး
ယွန်း (NP News) - ဒီဇင်ဘာ ၂၅
နိုင်ငံတကာ နှစ်သစ်ကူးကာလတွင် ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၄)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းအတွင်း နိုင်ငံတကာနှစ်သစ်ကူးကာလတွင် ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးပန်း(ရှုးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် အသိပေးနှိုးဆော်ချက်များကို အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ဗြောက်အိုးနှင့် မီးရှူးများ ပစ်ဖောက်မှုကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့်အပြင် မသမာသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးတို့ကို ထိ ခိုက်အောင်ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးပန်း(ရှူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ပစ်ဖောက်ခြင်းများကို ပြုလုပ်ပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
zawgyi version
ႏွစ္သစ္ကူးကာလ၌ ေျဗာက္အိုး အပါအဝင္ မီးရႉး၊ မီးပန္းမ်ား ပစ္ေဖာက္ပါက ထိေရာက္စြာ အေရးယူမည္ဟု ရန္ကုန္တိုင္းအစိုးရ သတိေပး
ယြန္း (NP News) - ဒီဇင္ဘာ ၂၅
ႏိုင္ငံတကာ ႏွစ္သစ္ကူးကာလတြင္ ေျဗာက္အိုး အပါအဝင္ မီးရႉး၊ မီးပန္းမ်ား ပစ္ေဖာက္ပါက ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕မွ ထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၄)ရက္၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ရန္ကုန္တိုင္းအတြင္း ႏိုင္ငံတကာႏွစ္သစ္ကူးကာလတြင္ ေျဗာက္အိုး အပါအဝင္ မီးရႉး၊ မီးပန္း(ရႈးဒိုင္း)မ်ားကို ထုတ္လုပ္ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္း ႏွင့္ ပစ္ေဖာက္ျခင္းမ်ား မရွိေစေရးအတြက္ အသိေပးႏႈိးေဆာ္ခ်က္မ်ားကို အစိုးရအဖြဲ႕အေနျဖင့္ ႏွစ္စဥ္ထုတ္ျပန္လ်က္ရွိေၾကာင္း သိရသည္။
ေျဗာက္အိုးႏွင့္ မီးရႉးမ်ား ပစ္ေဖာက္မႈေၾကာင့္ ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ေစသည့္အျပင္ မသမာသူမ်ားက ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ လုံၿခဳံေရးတို႔ကို ထိ ခိုက္ေအာင္ျပဳလုပ္လာႏိုင္ျခင္းတို႔ေၾကာင့္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
သို႔ေသာ္ အစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အား လိုက္နာျခင္းမရွိဘဲ ေျဗာက္အိုး အပါအ ဝင္ မီးရႉး၊ မီးပန္း(ရႉးဒိုင္း)မ်ားကို ေရာင္းခ်ျခင္း၊ ျဖန႔္ျဖဴးျခင္းႏွင့္ ပစ္ေဖာက္ျခင္းမ်ားကို ျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ ရာပေါင်းများစွာ အအေးဒဏ်နဲ့ ရင်ဆိုင်နေရ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း