တရုတ်အစိုးရက ယခုနှစ်စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းသို့ရောက်အောင် ကြိုးစားသွားမည်ဟု ထုတ်ဖော်ပြောကြား
ALynn (NSS) - မတ် ၆
တရုတ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအင်အားစုအဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့သော်လည်း ယခုနှစ် များအတွင်း တဖြည်းဖြည်း စီးပွားရေးကျဆင်းလာခဲ့သည်။ တရုတ်အစိုးရသည် ၂၀၂၄ ခုနှစ်အတွက် ၎င်းတို့၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းသို့ရောက်အောင် ရည်မှန်းထားကြောင်း မတ်လ ၅ ရက် (အင်္ဂါနေ့) က ကျင်းပသည့် ကွန်ဂရက်စ်၏ နှစ်စဉ်အစည်းအဝေးတွင် ဖော်ပြခဲ့သည်။
သို့သော် ဒေါ်လာ ၁၈ ထရီလီယံဖြင့် လည်ပတ်နေသော တရုတ်၏ စီးပွားရေးသည် တိုးတက်ဖို့အတွက် အဟန့် အတားများစွာနှင့် ကြုံတွေ့နေရသည်။ တရုတ်ဝန်ကြီးချုပ်လီချန်းက “တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ပြောင်းလဲရမည်ဖြစ်ကြောင်း နှင့် ၎င်းတွင် အခွန်စနစ်နှင့် နည်းပညာကဏ္ဍတို့ ပြုပြင်ပြောင်းလဲရန်၊ ပြည်တွင်း စားသုံးမှုနှုန်းမြှင့်တင်ရန် နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွင် အဟန့်အတားများကို လျှော့ချပေးရန်တို့ ပါဝင်သင့် ကြောင်း” ဖော်ပြခဲ့သည်။
အစိုးရအနေဖြင့် အလုပ်လက်မဲ့နှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းအတွက် မြို့ပြအလုပ်အကိုင်သစ်ပေါင်း ၁၂ သန်းခန့်ကို ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ကြောင်း လီက ထပ်လောင်းဖော်ပြခဲ့သည်။ ထို့ပြင် စစ်အသုံးစရိတ်ကိုမူ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
တရုတ်စီးပွားရေးလမ်းပြမြေပုံအရ ပြီးခဲ့သည့်နှစ်စီးပွားရေးရည်မှန်းချက်ကို ပြည့်မီသော်လည်း ပို့ကုန်နှေးကွေးမှု၊ အမေရိကန်နှင့် ပထဝီနိုင်ငံရေးအရ တင်းမာမှု၊ လူဦးရေလျှော့ကျမှု၊ အလုပ်လက်မဲ့လူငယ်များပြားမှု စသည့် စိန်ခေါ်မှုများစွာက ရှိနေဆဲဖြစ်သည်။ တရုတ်၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း လွန်ခဲ့သည့်နှစ်များ (ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့်ကာလများမှလွဲ၍) နှင့်နှိုင်းယှ်လျှင် စီးပွားရေးအနှေးကွေးဆုံးနှစ်ဖြစ်နေသည်။
တရုတ်အနေဖြင့် ပြည်တွင်းစိန်ခေါ်မှုများအပြင် နှစ်ရှည်လများရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်ပ စိန်ခေါ်မှုများစွာ လည်းရှိနေသည်။ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနုတ်ထွက်သွားခြင်းကြောင့် ဒေါ်လာ ၆၈.၇ ဘီလျံခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ တရုတ်တွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အတိအကျမရှိသေးသလို ယခုနှစ်တွင် သတ်မှတ်ထားသည့် စီးပွားရေးရည်မှန်းချက် ပြည့်မီနိုင်မည်မဟုတ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကြီး ဖူဂျီတောင်တက်လမ်းကြောင်း Yoshida Trail ကို အသုံးပြုတဲ့ တောင်တက်သမားများ အခကြေးငွေ ၁၃ ဒေါ်လာ ပေးဆောင်ရမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ