NUG၊PDF အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးသွားသည့် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်နှင့်(၂)ဦးကို ချက်ချင်းလွှတ်ပေးရန် လူထုကတောင်းဆိုနေသော်လည်း လက်ရှိအချိန်ထိ မလွတ်သေး
မြူနစ် (NSS) - မတ် ၂
PDF အဖွဲ့ဖမ်းဆီးထားသည့် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်အပါအဝင် (၃)ဦးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမှုရှိနေသော်လည်း လက်ရှိအချိန် (မတ်လ ၂ ရက်) အထိ မလွတ်သေး ကြောင်း သိရသည်။
ဗထူးတပ်မတော်ဟု အမည်ခံထားသော PDF အဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထားဝယ်နည်းပညာ တက္ကသိုလ်မှ ဒုပါမောက္ခချုပ်ဒေါက်တာ ကျော်အောင်၊ အင်္ဂလိပ်စာဌာနမှူးဒေါ်စုစုလတ်နှင့် မြို့ပြအင်ဂျင် နီယာဌာနမှူး ဒေါက်တာနန္ဒာလွင်တို့ကို ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခံရသူ (၃)ဦးသည် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ၊ ရာဇဝတ်ပြစ်မှုများ ကျူးလွန်ထားခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ် ကော်မတီ(ထားဝယ်ခရိုင်)က ထုတ်ပြန်ကြေညာထား သည်။
ထို့ကြောင့် ဖမ်းဆီးထားသူများအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လေးစားလိုက်နာရမည့် နိုင်ငံတကာ လူသားချင်းစာနာမှုစံနှုန်းတန်ဖိုးများအရ ၎င်းတို့ (၃)ဦးကို ချက်ချင်းပြန်လွှတ်ပေးရန်လည်း အထက် ပါကော်မတီက တိုက်တွန်းထားသည်။
အလားတူ ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒေါက်တာကျော် အောင်၊ ဒေါ်စုစုလတ်နှင့် ဒေါက်တာနန္ဒာလွင်တို့ကို ချက်ချင်းပြန်လွှတ်ပေးရန် ဗမာ့လူငယ်ကွန်ရက် (ဗ.လ.က) လည်း တိုက်တွန်းတောင်းဆိုထားသည်။
“အခုချိန်ထိတော့ ပြန်လွှတ်ပေးတာ မရှိသေးဘူး။ အဆက် အသွယ်လည်း မရသေးဘူး။ မိသားစု တွေအနေနဲ့လည်း အတော်လေး စိုးရိမ်နေကြပါတယ်။ ဒီဘက်ကလည်း ကြိုးစားရှာနေတာ ရှိပါတယ်”ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက NSS ကို မတ်လ ၁ ရက်တွင် ပြောကြားသည်။
ဗထူးတပ်မတော်ဟု အမည်ခံထားသော PDF အဖွဲ့သည် NUG လက်အောက်ခံ လောင်းလုံးမြို့နယ် ပ.က.ဖအဖွဲ့မှတစ်ဆင့် ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သီလရှင်ဆရာ လေးတစ်ပါးအပါအဝင် အရပ်သား (၂၀) ဦးခန့် ကို သတင်းပေး၊ ဒလန်ဟုစွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းတွင်လည်း စစ်ကိုင်းတိုင်းရှိ ကလေး တက္ကသိုလ်ကို PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ကာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။
ယင်းကဲ့သို့ PDF ပူးပေါင်းအဖွဲ့၏ လုပ်ရပ် အပေါ် အရပ်ဘက်အဖွဲ့အစည်း (၂၁)ခုက ကန့်ကွက် ရှုတ်ချ ထားသော်လည်း ပြန်လည်မလွတ်မြောက်လာ သေးသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ရှိနေသေးကြောင်း သိရသည်။ ထို့ပြင် လွန်ခဲ့ သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပြီး လက်ရှိနစက အစိုးရလက်ထက်တွင် တက္ကသိုလ်ကျောင်းများကို PDF အဖွဲ့များ ဝင်ရောက် စီးနင်းသည့်ဖြစ်စဉ်များပြားလာ နေသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်၌ လုံခြုံရေးအဖွဲ့အယောင်ဆောင်၍ ဓားပြမှုကျူး လွန်နေသည့် ဒုဦးစီးမှူး ဦးဆောင်သောအဖွဲ့ကို ဖမ်းဆီး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း