ဂိုဏ်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဟေတီနိုင်ငံ မြို့တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားလျက်ရှိ
ALynn (NSS) - မတ် ၂
မတ်လ ၁ ရက် (သောကြာနေ့) က ဟေတီနိုင်ငံတွင် ဂိုဏ်းအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရဲဝန်ထမ်း ၄ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။
ကြာသပတေးနေ့က တိုက်ခိုက်မှုတွင်လည်း သေနတ်သမားများသည် ဟေတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်ခတ်ခဲ့ပြီး ရဲစခန်းနှစ်ခုကို သိမ်းပိုက်ခဲ့ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ လူများသည် ကျောင်းများ၊ လုပ်ငန်းများကို ပစ်ပြီး ထိတ်လန့်တကြားထွက်ပြေးခဲ့ရသည်။ ရဲအရာရှိဟောင်း Jimmy Chérizier ဦးဆောင်သည့် G9 နှင့် Family and Allies ဟု လူသိများသည့် ဂိုဏ်းအဖွဲ့ချုပ်က ထိုတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
၎င်းဂိုဏ်းခေါင်းဆောင်၏ဖော်ပြချက်အရ ၎င်းတို့၏ တိုက်ခိုက်မှုသည် ဟေတီရဲချုပ်နှင့် ဝန်ကြီးများကို ဖမ်းဆီးရန်နှင့် ကင်ညာနိုင်ငံသို့သွားရောက်ပြီး ဟေတီရှိဂိုဏ်းများကို တိုက်ခိုက်ရန်အတွက် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များစေလွှတ်ပေးနိုင်ရန် တောင်းဆိုနေသော ဝန်ကြီးချုပ် Ariel Henry နိုင်ငံသို့ ပြန်မလာနိုင်ရန်အတွက် ရည်ရွယ်ကြောင်းသိရသည်။ ကြာသပတေးနေ့တိုက် ခိုက်မှုတွင် မည်သူမျှထိခိုက်ဒဏ်ရာမရခဲ့သော်လည်း သောကြာ နေ့တွင်မူ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြင်းအထန်တိုက် ခိုက်ခဲ့ခြင်းကြောင့် လေကြောင်းလိုင်းများကိုပင် ဆိုင်းငံ့ခဲ့ရကြောင်း ဟေတီရှိ အမေရိကန်သံရုံး၏ ဖော်ပြချက်အရသိရသည်။ ရဲများအနေဖြင့် ဂိုဏ်းအဖွဲ့များကို ပြန်လည်တိုက်ခိုက်ရာတွင် လက်နက်ကိရိယာစုံလင်မှုမရှိခဲ့ကြောင်း သိရသည်။
လူဦးရေ ၁၁ သန်းကျော် ရှိသော ဟေတီနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်အင်အား ၉,၀၀၀ နီးပါးရှိကြောင်း ကုလသမဂ္ဂ၏ ဖော်ပြချက် အရသိရသည်။ လက်နက်ကိုင်ဂိုဏ်းအဖွဲ့များသည် မြို့တော်၏ ၉၀ ရာခိုင်နှုန်းလောက်က ထိန်းချုပ်ထားကြပြီး ၎င်းတို့အား ပြန် လည်တိုက်ခိုက်ရန် လက်နက်အင်အားရော လူအင်အားပါ လုံ လောက်ခြင်းမရှိပေ။ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဝန်ကြီး ချုပ် Henry က မှတ်ချက်တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါ။ သောကြာနေ့က ၎င်းသည် ကင်ညာသမ္မတ William Ruto နှင့်အတူ ဟေတီတွင် ကင်ညာရဲများ ဖြန့်ကျက်ထားနိုင်ရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NUG၊PDF အဖွဲ့ ပြန်ပေးဆွဲဖမ်းဆီးသွားသည့် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်နှင့်(၂)ဦးကို ချက်ချင်းလွှတ်ပေးရန် လူထုကတောင်းဆိုနေသော်လည်း လက်ရှိအချိန်ထိ မလွတ်သေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ