Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
PDF ဖမ်းဆီးသွားသည့် ကလေးတက္ကသိုလ်မှ ဆရာ/မနှင့် ကျောင်းသား/သူများ မကြာမီပြန်လွတ်မည်ဟု ပါချုပ်ပြောသည့် ဗီဒီယိုဖိုင် ထွက်ပေါ်

သုတကျော် (NSS) - မတ် ၂ 

 PDF များ၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည့် ကလေးတက္က သိုလ်မှ ဖြစ်စဉ်နှင့်ပတ်သက်၍ ခေါ်ဆောင်ခံရသူများအနက် တစ်ဦးအပါအဝင် ဖြစ်သူ အဆိုပါတက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာ ယောဟန်ထွန်းက ခေါ် ဆောင်ခံရသူများ မကြာမီ ပြန်လွတ်မည်ဟုပြောသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းထက်တွင် ထွက်ပေါ်လာကြောင်း သိရသည်။ 


PDF  အင်အား ၁၀ဝ ကျော်က ကလေးတက္ကသိုလ်ရှိ စာသင်ဆောင်များမှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ နှင့် ရုံးဝန်ထမ်းများကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက စုစုပေါင်း ၂၈၅ ဦးကို အချိန်မီ ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး အခြားသူများကို ဆက် လက် စုံစမ်းနေကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အပြီး ဖေဖော် ဝါရီလ ၂၉ ရက်တွင် ကလေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း ၏ ဗီဒီယိုဖိုင်ထွက်ပေါ်လာခြင်းဖြစ်ကာ အဆိုပါ ဗီဒီယိုဖိုင်ကို လေ့လာချက်အရ ပါမောက္ခချုပ်၏ မျက်နှာတွင် စိုးရိမ်နေသည့် အသွင်ကိုလည်း တွေ့မြင်ရသည်။ အဆိုပါ လုပ်ရပ်အပေါ် မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အသီးသီးက ကန့်ကွက်ကြောင်း ထုတ်ပြန်ထားခြင်း လည်းရှိပြီး စိုးရိမ်မှုများလည်း ရှိနေသည်။ 

ကလေးတက္ကသိုလ်တွင် လုံခြုံရေးတပ်ဖွဲ့ တစ်ဖွဲ့ တပ်စွဲထားရှိပြီး အဆိုပါတပ်ဖွဲ့သည် တက္ကသိုလ် လုံခြုံရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကာ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်း ၄ နာရီခန့်က စတင်ကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်၌ ဇလပ်နီဆောင် အနီးတွင် ပစ်ခတ်မှုများသည့်အတွက် အပေါ်ထပ်မှ အောက်ထပ် ပြောင်းနေရန် ပြောကြားခဲ့ကြောင်း၊ ဝန်ထမ်းအိမ်ရာမှ မိသားစုများကိုလည်း ပုန်းခိုရန် òန်ကြားခဲ့ကာ တိုက်ပွဲပိုမိုပြင်း ထန်လာ ချိန်တွင် PDF များက အားလုံးကို ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“အထူးသဖြင့် ပြောကြားလိုတာက ကျွန်တော် တို့ရဲ့ ဝန်ထမ်းမိသားစုများ၊ ကျောင်းသူ၊ ကျောင်းသား များ အားလုံး သက်ဆိုင်ရာ မိသားစုများ၊ ဆွေမျိုးသား ချင်းများ စိတ်ပူနေမှာဖြစ်တဲ့အတွက် အားလုံးစိတ်မပူ ဖို့ ဒီနေရာကနေ ပြောကြားရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့ မနက်ကစပြီး ကျောင်းသူတချို့ကို ပြန် လည်ပြီး ပို့ဆောင်ပေးတယ်ဆိုတာ သိရှိရပါတယ်။ ကျန်တဲ့သူတွေလည်း မကြာမီကာလမှာ ပြန်လည်ရောက်ရှိလာကြ မှာပါလို့ ပြောကြားလိုပါတယ်”ဟု ဒေါက်တာ ယောဟန်ထွန်းက ပြောကြားထားသည်။ 

   လက်ရှိတွင် ခေါ်ဆောင်ခံရသူများ အဆင်ပြေ ကြောင်းလည်း ပါမောက္ခချုပ်က ပြောကြားထားကာ ထိုသို့ပြောကြားမှုနှင့်ပတ် သက်၍ မိသားစုများ၏ စိတ်အတွင်း စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကနီမြို့နှင့် ပင်လည်ဘူးမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း(၅၀)ကျော်ကို PDF အဖွဲ့က ဖမ်းဆီးထား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved