Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - မတ် ၂
Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားအစိုးရက မတ်လ(၁)ရက်တွင် ထုတ် ဖော်ပြောဆိုခဲ့သည်။
သီးခြားပစ်မှတ်ထားနိုင်သော ထိပ်ဖူးများစွာပါဝင်သည့် Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို Plesetsk Cosmodrome အာကာသစခန်းမှ နိုင်ငံအရှေ့ပိုင်းဒေသ Kamchatka ကျွန်းဆွယ်ရှိ Kura Missile Test Range သို့ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။ အဆိုပါဒေသနှစ်ခုကြားရှိ အကွာအဝေးမှာ ကီလိုမီတာ(၆၇၀၀)ကျော် ရှိကြောင်းလည်း သိရသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ပစ်လွှတ်မှုရဲ့ ရည်ရွယ်ချက်က ဒီခေတ်မီဒုံးကျည်စနစ်ရဲ့ နည်းဗျူဟာ၊ နည်းပညာပိုင်းနဲ့ ပျံ သန်းမှုဆိုင်ရာလက္ခဏာတွေကို အတည်ပြုနိုင်ဖို့ပဲဖြစ်ပါတယ်။စမ်းသပ်ပစ်လွှတ်မှုအတွင်း ဒီလုပ်ငန်းစဉ်တွေအားလုံးကို ကောင်းကောင်းမွန်မွန်နဲ့ ပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် ကီလိုမီတာ(၁၁၀၀၀) ကျော် အကွာအဝေးရှိ ပစ်မှတ်များကို ထိရောက်စွာပစ်ခတ်နိုင်သော သီးခြားပစ်မှတ်ထားနိုင်သော ထိပ်ဖူးများစွာပါဝင်သည့် သာမိုနျူကလီးယားတိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းဖြစ်ကြောင်းလည်း သိရသည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အနောက်အုပ်စုနှင့် ရုရှားနိုင်ငံကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အဆိုပါတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်နိုင်ငံကြား လုံခြုံရေးသဘောတူညီချက်ကို ယူကရိန်းနှင့် နယ်သာလန်တို့လက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ