ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် အကြားအမြင်လောကီ ပညာရှင်တစ်ဦး အကြံပြု
သုတကျော် (NSS) - မတ် ၂
ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် အမည်မဖော်လိုသော အကြားအမြင်လောကီပညာရှင်တစ်ဦးသည် NP News ကတဆင့် သတိပေး အကြံပြုပြောကြားသည်။
မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ The Statesman ဂျာနယ်က မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အထူးသတိထားစေလိုကြောင်၊ ငလျင်နှင့် ပတ်သက်၍ ဗဟုသုတ ဖြစ်ဖွယ်စာများကို လေ့လာစေလိုကြောင်းလည်း ၎င်းက ဆိုသည်။
“ပြောရရင် ဒီနှစ်က ထိခိုက်မှုကြီးနိုင်တယ်။ ငလျင်ကြီး သဘောမျိုးပေါ့နော်။ လှုပ်ခတ်နိုင်တယ်လို့ မြင်ရတယ်။ သတိထားစေချင်တယ်။ ပညာရှင်မဟုတ်တော့ ဘယ်နေရာက လှုပ်မယ်ဆိုတာမျိုးတော့ မပြောတတ်ဘူးပေါ့နော်။ ငလျင်ကြော ခန့်မှန်းတတ်တာလေ မပြောတတ်ပေမယ့် ငလျင်ကို သတိထားစေချင်တယ်” ဟု ၎င်းက ဆိုသည်။
ယခုနှစ်အတွင်း အဆိပ်ရှိသတ္တဝါများ ပိုထွက်နိုင်ကာ ထိခိုက်မှုများနိုင်သည့်အနေအထားဖြစ်ပြီး မေတ္တာပို့သပေးရမည်ဖြစ်ကြောင်း နှင့် ပရဟိတသမားများအနေဖြင့်လည်း ယခုနှစ်တွင် သတိထားကြရန်လိုကြောင်း ၎င်းက ဆိုသည်။
“ရန်ကုန်တိုင်းလည်း ထိနိုင်တယ်လို့ ဟောကိန်းထုတ်ချင်တယ်။ ဒါမျိုးတော့ အာရုံရတယ်ပေါ့နော်။ သတိထားစေချင်တယ်။ တကယ်က မဖြစ်စေချင်ပါဘူး။ ဒါကို လွဲပါစေလို့ ဆုလည်း တောင်းပါတယ်။ တခါတလေမှာတော့ လမိုင်းတွေက ဝင်ရှုပ်တာမျိုး ရှိတယ်လေ။ ဒါမျိုး အမှားအယွင်းဖြစ်ပါစေလို့ ဆုတောင်းနေရတာ။ ငလျင်ကတော့ ဘာပဲဖြစ်ဖြစ် ဟောကိန်း ထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ သတိထားစေချင်တာပါပဲ” ဟု ၎င်းက ဆိုသည်။
ငလျင် ဆိုသည်မှာ ကြိုတင်ခန့်မှန်း မရနိုင်သည့် သဘာဝဘေးတစ်ခုဖြစ်ပြီး ငလျင်နှင့်ပတ်သက်၍ အစဉ် ကြိုတင်ပြင်ဆင်ထားကြရန် လိုကြောင်း ငလျင်ပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။
“သူက ကြိုခန့်မှန်းလို့ မရတဲ့ဘေးပေါ့နော်။ သတိထားတာကတော့ မမှားပါဘူး။ မြန်မာနိုင်ငံမှာက စစ်ကိုင်းပြတ်ရွေ့ရှိနေတော့ ပဲခူးငလျင်ကလည်း မလှုပ်တာကြာပြီ။ ဒါကိုတော့ စိုးရိမ်မိတာမျိုး ရှိပါတယ်။ ဘယ်လိုဖြစ်ပါစေ သတိမလွတ်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားအစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ