၂၀၁၈ ခုနှစ်က ကတိပေးခဲ့သော ခေတ်မီလက်နက်အသစ်အဆန်းတချို့ကို လက်ရှိအချိန်တွင် အသုံးပြုတိုက်ခိုက်နေကြောင်း ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - မတ် ၁
ပြီးခဲ့သော ၆ နှစ်ကျော်က ကတိပေးခဲ့သော အသံထက်မြန်သောဒုံးကျည်များသည် လက်ရှိအချိန်တွင် ရုရှားစစ်တပ်အတွက် အသုံးပြုနေပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရုရှားသမ္မတပူတင်က ရုရှားစစ်တပ်အတွက် ခေတ်မီကောင်းမွန်သောလက်နက်စနစ်များကို ဖြန့်ကြတ်ချထားသွားမည်ဖြစ်ကြောင်းပြီးခဲ့သော ၂ဝ၁၈ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောခဲ့ဖူးသည်။ သမ္မတပူတင် ထုတ်ဖော်က ကတိပေးခဲ့ပြီးနောက် နှစ်ပိုင်းအကြာတွင် ရုရှားစစ်တပ်သည် လက်ရှိအချိန်တွင် Kinzhal အမည်ရှိ အသံထက်မြန် သောဒုံးကျည်နှင့် Tsirkon အမည်ရှိ ဒုံးကျည်များကို ယူကရိန်းစစ်ပွဲတွင် အဓိကထား အသုံးပြုတိုက်ခိုက်နေပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင် က ထပ်မံပြောခဲ့သည်။
ရုရှားသည် အဆိုပါဒုံးကျည်များကို ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲတွင်ထုတ်သုံးခဲ့ပြီး ယူကရိန်း၏ တန်ဖိုးကြီးသော စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရာတွင် အဓိကထား အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရုရှားစစ်တပ်တွင် မဟာဗျူဟာမြောက်အသံထက်မြန်သောဒုံးကျည်အမျိုးဖြစ်သော Avangard အမည်ရှိ ဒုံးကျည်ကို အသုံးပြုနေပြီဖြစ်သလို ပီရက်ဗက်အမည်ရှိ လေဆာလက်နက်များကိုလည်း အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Avangard အမည်ရှိ ဒုံးကျည်သည်အသံထက်မြန်သော ဒုံးကျည်ဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင် ပစ်လွှတ်နိုင်ကာ လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုကျော်ဖြတ်နိုင်စွမ်းရှိကာ ကမ္ဘာမြေပြင်ကို ထိုးဖောက်ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။ ရုရှားသည် ဆာမတ်အမည်ရှိ တိုက်ချင်းပစ်ဒုံးကျည်ကို မကြာမီတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထပ်မံကတိပေးခဲ့သည်။
ရုရှားသမ္မတပူတင်က "အမေရိကန်နိုင်ငံဟာ ရုရှားရဲ့ရဲ့မဟာဗျူဟာမြောက် ဟန်ချက်ညီအောင်ထိန်းသိမ်းမှုတွေကို နှောင့်ယှက်ဟန့်တားခဲ့လို့ တုံ့ပြန်တာမျိုးဖြစ်တယ်။ ရုရှားဟာ အမေရိကန်နဲ့အဓိကပြဿနာတွေကို စေ့စပ်ဆွေးနွေးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ရုရှားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြားဆက်ဆံရေး ပိုမိုအေးစက်လာခဲ့တယ်လို့ ဆိုပါတယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများကို စုံစမ်းစစ်ဆေးပေးရန် အိန္ဒိယအစိုးရတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ