အမေရိကန်ရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများကို စုံစမ်းစစ်ဆေးပေးရန် အိန္ဒိယအစိုးရတောင်းဆို
Pika (NSS) - မတ် ၁
အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့၏ အဆင့်မြင့်ဆွေးနွေးပွဲများအတွင်း အိန္ဒိယသံတမန်မစ်ရှင်များကို တိုက်ခိုက်မှုများ နှင့်ပတ်သက်ပြီး ဆစ်ခ်ဘာသာဝင်ခွဲထွက်ရေးသမားများ၏ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် အမေရိကန်ကို အိန္ဒိယအစိုးရက ထပ်မံတောင်းဆိုခဲ့ကြောင်း The Hindu သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ဖေဖော်ဝါရီလ(၂၈)ရက်တွင် အိန္ဒိယပြည်ထဲရေးဝန်ကြီး Ajay Bhalla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်လုံခြုံရေးဌာန၏ ယာယီလက်ထောက်အတွင်းရေးမှူး ခရစ္စတီကန်နဲဂယ်လို ဦးဆောင်သောအဖွဲ့နှင့် နယူးဒေလီမြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း နှစ်နိုင်ငံကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ရန် ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံလုံးသည် အကြမ်းဖက်မှုနှင့် အစွန်းရောက်အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများအပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ရာဇဝတ်မှုများကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် အမေရိကန်နှင့် အိန္ဒိယတို့သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ ဆိုက်ဘာ ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့ပေးခြင်း အပါအဝင် တရားမဝင်သော လုပ်ဆောင်ချက် များအတွက် ဆိုက်ဘာနယ်ပယ်ကို အလွဲသုံးစားလုပ်ခြင်းများအား တုံ့ပြန်မှုများလုပ်ဆောင်ရန် ကတိပြုထား ကြောင်း သိရသည်။
အမေရိကန်နိုင်ငံရှိ ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုများနှင့်ပတ်သက်သည့်ဆွေးနွေးမှုများကို တရားဝင်ပြောကြားခြင်းထားမျိုးမရှိသော်လည်း အဆိုပါအကြောင်းအရာများကို အိန္ဒိယမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ဆစ်ဘာသာဝင်ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ နှင့် အခြားအနောက်အုပ်စုနိုင်ငံများရှိ ဆစ်ခ်လူမျိုးစုများက အခိုင်အမာထောက်ခံကြကြောင်းလည်း သိရသည်။
အိန္ဒိယအစိုးရသည် အဆိုပါနိုင်ငံများ၏အစိုးရများကို ဆစ်ခ်ဘာသာဝင် ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ဗြိတိန်၊ အမေရိကန် နှင့် ကနေဒါ တို့တွင် အိန္ဒိယ၏ သံတမန်မစ်ရှင်များ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး တရားခံများကို အရေးယူပေးရန် အိန္ဒိယ အစိုးရက မျှော်လင့်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၁ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ